02

231 36 4
                                    

ဘာကိုဘဝသစ်လဲ စောက်ကျိုးနည်းဘဝကြီးကို

----------------------

"မင်း ရှင်း အခုရှင်းစမ်း ဝူဝူ"

"ဘာရှင်းရမှာလဲ hostမြင်နေတာပဲဟာ"

"မင်း ပြောတော့ အပြိုင်ကမ္ဘာကငါဆို
အခုဟာကနာမည်နဲ့ရုပ်တူတာကလွဲလို့ကျန်တာဘာတစ်ခုမှတူမနေဘူးလေ"

"အဲ့တာကျွန်တော်တို့လုပ်ထားတာမှမဟုတ်တာ"

"ကျန်တာထားလိုက်ပါတော့ အေး ခုဟာတော့နည်းနည်းမှလက်မခံဘူး မင်း မင်း ကြည့်စမ်း"

ရေချိုးခန်းကဒေါသတကြီးအော်သံနဲ့အတူထွက်လာသောမက်သရူးက အိပ်ရာဘေးတွင် ဟိုလျှောက်လိုက် ဒီလျှောက်လိုက်ဖြင့် ဝူဝူနဲ့အချင်းများနေကြခြင်းဖြစ်သည်။အခုလည်း မင်း ကြည့်စမ်းဟူသော စကားနောက်တွင် မက်သရူးက ကိုယ့်ပါးကိုယ်ငါးစက္ကန့်ကြာမျှလက်ဖြင့်ဖျစ်လိုက်ရာ ရဲတက်လာသော ပါးဖောင်းဖောင်းလေးအား ဝူဝူကိုပြနေခြင်းဖြစ်သည်။

"ဝါးးး hostမိုက်လှချည်လား ပါးနီသွားပြီ ဟိုဘက်ပါဖျစ်လိုက်လေ အရောင်ညီရင် ပိုမိုက်သွားမှာ"

ဝူဝူ ၏ စကားအဆုံးတွင် မက်သရူးကသည်းမခံနိုင်တော့စွာ အိပ်ရာထက်မိန့်မိန့်ကြီးထိုင်နေသော ဝူဝူ့၏အမြီးအားဆွဲလိုက်ကာဇောက်ထိုးမြှောက်ထားလိုက်လေတော့သည်။

"မင်းကြီးတော်ကြီးကိုမိုက်ပါ့လား
ဒီလောက်နူးညံ့အိဖက်နေတာ၊ပြီးတော့ အရင်ဘဝကငါနှစ်ရှည်လများထိန်းသိမ်းလာတဲ့ ဗလတွေရော ဟမ် အခုကြည့်ပါဦး ကြက်ဥလုံးလောက်ပဲရှိတော့တယ်ကွ၊ ဒါတောင် မတတ်သာလို့ထည့်ပေးထားရတဲ့ပုံစံနဲ့"

"Host! ဘဝမှာ အလကားရတယ်ဆိုတာဘာမှမရှိဘူး။hostရဲ့ ဘဝသစ်စချင်တဲ့ဆန္ဒပြင်းပြမှုကြောင့် ဘဝသစ်ရတယ်လေ။အဲ့အတွက် hostဆီကနေတစ်ခုခုပြန်ယူရမှာပဲ"

"မင်း မင်း စကားတတ်တိုင်း အေး အေး တွေ့မယ် မင်းအမြီးကိုဖြတ်ပစ်မယ်"

မက်သရူးကပြောပြောဆိုဆိုဖြင့်အခန်းပြင်ထွက်ရန်ပြင်တော့သည်။ထိုအခါတွင်တော့ ဟမ်းဂျီတို့ပွဲကြည့်ပုရိတ်သတ်မလုပ်နိုင်တော့။အပြေးအလွှားနဲ့ မက်သရူးခြေထောက်အားပြေးဖက်တော့၏။

အပြိုင်ကမ္ဘာကငါကကြာပန်းဖြူလိုနူးညံ့နေတယ်တဲ့လားWhere stories live. Discover now