28{u_z}

7K 70 0
                                    

💖 ဦးရဲ့အချစ်ကွန်ရက်💖

Piece_28

အချိန်တွေ ပြောင်းလဲတာ မြန်ဆန်လွန်းလှပေသည်။ တရွေ့ရွေ့ကုန်လွန်လှသည့် အချိန်တွေနှင့်အတူ ချယ်၏ ဗိုက်ကလေးကလည်း။ တအားကိုပူတင်းလို့လာခဲ့တာသာဖြစ်သည်။ အချိန်အားဖြင့် 5လတောင် ကြာမြင့်ခဲ့သည်။ ဦးမာန်ကတော့ ချယ်ကိုဂရုစိုက်မှုတွေက တစ်နေ့ထပ် တစ်နေ့လျှော့ပါးမသွားပဲ။ ပိုလို့တောင်လာခဲ့သည်။

အချိန်အားဖြင့် နေ့လယ်ခင်းအချိန်အခါသာဖြစ်သည်။ အိမ်မှာ ဘယ်သူမှရှိ၍မနေပါ။ အိမ်မှာ သုန်သုန်နဲ့ချယ် နှစ်ယောက်တည်းငါရှိသည်။

"သုန်သုန် မြန်မြန် သုတ် တော်ကြာ
ဦးမာန်ပြန်လာရင်မစားလိုက်ရဘဲနေမယ်"

မမချယ်အတွက် သရက်သီးခိုးသုတ်ပေနေတာဖြစ်သည်။ ဒေါ်ကြီးတုတ်နဲ့ဒေါ်လေစျေးသွားနေ၍၊ သုန်သုန် သုတ်နေတုန်းမမက ပါးစပ်လေကို လျှာလေနဲ့ သတ်နေတာ တကယ်ခလေတစ်ယောက်လိုမျိုးဖြစ်နေသည်။ ဦးကြီးရှိနေရင် မမကအချဥ်အစပ်တွေစားခွင့်မရတာကြောင့် ဦးကြီးအလုပ်ကိုခနသွားနေတုန်း ခိုးသုတ်ပေးနေတာသာဖြစ်သည်။

သုန်သုန် သုတ်ပေတဲ့ သရက်သီးစလုံကို ယူလိုက်လေသည်။

"သုန်သုန် ဦးမာန်လာရင် မမကိုလာပြောနော် ခြံနောက် ရေတံခွန်းနောက်က ပန်ခြံလေးမှာ မမသွာထိုင်စားမလို့နော်"

"ဟုတ် မမ"

ချယ် ပြောပြီး၍၊ ခြံနောက်ကို ထွက်လာလိုက်သည်။ သစ်သားထိုင်ခုံလေးမှာ သရက်သီးသုတ် ချဥ်စပ်ခလေကို ထိုင်စားနေရင်၏။ နေလယ်ခင်းလေးမှာ ဦးမာန်မသိအောင် သရက်သီးသုတ်ကို ခိုးစားနေလေသည်။ သိရင် အပူအစပ်တွေဆို၍၊ မစားခိုင်းတတ်တာသာဖြစ်သည်။

မာန်မှာ အရေးကြီးလိုသာ ကုမ္ပဏီကို သွားရ၍၊ ချာတိတ်ကို စိတ်မချပါ။ သူမရှိရင် မရှိသလို့ အချဥ်အစပ်တွေ ခိုးစားတတ်တဲ့ သူမလေကြောင့် သူမှာစိတ်မချနိုင်ပါအတွေးနဲ့အတူ အိမ်ထဲကိုဝင်လာခဲ့ရသည်။

"ချာတိတ်ရေ....ချာတိတ်"

"ဟယ်....ဒုက္ခပာဘဲ ဦးကြီးက အစောကြီးပြန်လာနေပြီး။ မမကို အမြန်သွားခေါ်မှ....အပြောနဲ့အတူ မမကို ခေါ်ဖို့ မီးဖိုခန်းဘက်ကနေ ဦးမမြင်အောင် ထွက်နေလေ၏။

💑 U's Love Network💑(Complete)Where stories live. Discover now