Chapter - 2

60 9 0
                                    

အပိုင်း : ၂

           အလင်းရောင်အနည်းငယ်သာ ၡိတဲ့အခန်းထဲ
တစ်စုံတစ်ယောက်ဟာ ပုံဆွဲနေရင်း ဓာတ်ပုံ ဘောင်လေးကို ကိုင်ကြည့်ရင်း

          " ပျော်စရာကစားပွဲလေးတော့ လာတော့မယ်ထင်တယ် . မင်းအကြောင်းတွေကို အများကြီးပိုပြီးသိချင်လာမိတယ် "

       ……………………………………………………………

          " မဂႅလာပါ … အခု အနုပညာအသင်းကနေကြိုဆိုပါတယ် " Sarocha တစ်ယောက် ကျောင်းသူကျောင်းသားတွေ ရဲ့ ကြားထဲက စတိတ်စင်ပေါ်ကနေရပ်ပြီး ပြောလိုက်ချိန် အခန်း တစ်ခုလုံးဟာ တိတ်ဆိတ်သွားတယ် .

           " အခုက အဖွဲ့ဝင်အသစ်တွေပေါ့နော် . အခြေခံကနေ စဆွဲရမဲ့အချိန်လေးပေါ့ " Sarocha တစ်ယောက်တက်တက်ကြွကြွပဲ ပန်းချီထောက်တိုင် ကို စတိတ်စင်ပေါ် ဆွဲတင်လိုက်ပြီးတော့ …

         " အခြေခံဆိုတော့ မျဉ်းတွေ စက်ဝိုင်းတွေကနေ စရမယ်လေ " sarocha

          " ငါ့ကို ဘာကိစ္စနဲ့ ဒါကြီးလုပ်ခိုင်းရတာလဲ… Nonn … နင်တော့ အသေပဲ "Rebeccaတစ် ယောက်စိတ်ထဲကတွေးရင်း …အံကြိတ်ပြီးတော့ ပုံဆွဲနေတယ် . အကြိမ် ကြိမ်ဆွဲ ပေမဲ့ပုံဟာ ထွက်မလာပါဘူး . ရုတ်တရက်

          " ပုံဆွဲရင် တစ်ဆက်တည်း ဆွဲလိုက် … တွန့်ဆုတ် မနေနဲ့ " Sarocha တစ်ယောက် ခါးကို အနည်းငယ်ကုန်းလိုက်ပြီး သူ့ရဲ့ Rebecca ရဲ့ လက်ကို ကိုင်ပြီး ပုံဆွဲနေချိန်

          " လန့်လိုက်တာ … " Rebecca တစ်ယောက် စိတ်ထဲကနေ တွေးနေရင်းရုတ်တရက် Sarocha ဘက်ကို ကြည့်လိုက်တော့ …

           " အရမ်းကြီး ကပ်နေပြီ " Rebecca တစ်ယောက်စိတ်ထဲကနေတွေးရင်း မျက်နာက Sarocha လည်ပင်းနဲ့ တအားကပ် သွားတဲ့အချိန်

            " မွှေးလိုက်တာ . လည်ပင်းနားက … ဘာ
ရေမွှေးသုံးတာလဲမသိ … အနံ့က … " Rebecca စိတ်ထဲကနေ စဉ်းစားရင်း

             " ကိုယ့်ဘာသာကိုယ် ဆွဲလို့တတ်ပြီမလား " Sarocha က Rebecca ဘက်ကို ကိုကြည့်လိုက်ပြီး ၂ ယောက်သား တစ်ယောက်ကို တစ်ယောက်
ကြည့်နေမိချိန် …

            " ဗြီ … " စက္ကူဗြဲသံ တစ်ခုထွက်လာတယ် .

           " ဘယ်သူ စာရွက်ကို ဖြဲလိုက်တာလဲ " Sarocha တစ်ယောက် အသံကြားတဲ့ဆီကို ကြည့်လိုက်ချိန် …

Fish In The Palmजहाँ कहानियाँ रहती हैं। अभी खोजें