Chapter 3

51 6 0
                                    

အပိုင်း ၃

       Rebecca တစ်ယောက် Sarocha ရဲ့ စာအုပ်ကို ဖတ်နေချိန် "စာအုပ်အဖုံးက ထူလိုက်တာ ." စိတ်ထဲက တွေးနေရင်း … ဖုန်းအသံမြည်တော့ ကိုင်လိုက်တယ် .
    
       " ဟယ်လို … Rebecca လား… အားလား"
Nonn တစ်ယောက် အလျင်လိုနေတဲ့ လေသံနဲ့

          "  ပြောလေ အိမ်ထဲ တစ်ယောက်တည်းပဲ ." Rebecca တစ်ယောက် Sarocha ရဲ့ စာအုပ်ကို ဖတ်နေရင်း …

          " Kru Noevy နဲ့ Kung နဲ့ ကျောင်းစုံညီပွဲတုန်းက ပုံတွေ့တယ် . " Nonn

        " ဘယ်လိုတွေ့တာလဲ … " Rebecca

        " ကျောင်းသူတွေထဲက Kongkwan ဆိုတဲ့ ကျောင်းသူ ရဲ့ Line အကောင့်ထဲ လွန်ခဲ့တဲ့ ၁ လက တင်ထားတာ တွေ့လို့ " Nonn

        " ဒါဆို … " Rebecca

        " ကျောင်းစုံညီပွဲ လုပ်တဲ့နေရာရဲ့ ပတ်ဝန်းကျင် CCTV ကို စစ်ဆေးခိုင်းရမယ်လေ … အဲ့ဒီအနားကနေဆို သဲလွန်စရနိုင်တာပဲ  " Nonn

        " မနက်ဖြန်ကျောင်းပိတ်တယ် . ရဲအရာၡိကို ပြောရမယ် . ပြီးရင် အ့ဒီရက်က CCTV တွေကို အကုန် စစ်ဆေးခိုင်းလိုက်မယ် " Rebecca

       " ကောင်းပါပြီ … ဒါဆို ငါအခုပဲပြောလိုက်တော့မယ် " Nonn

      …………………………………………………

နောက် ရက်ရောက်တော့ …

         " Heng နင် က ဘာကိစ္စပြောစရာၡိလို့လဲ " Sarocha တစ်ယောက်ကျောင်း စာသင်ခန်းထဲ ပုံဆွဲနေစဉ် Heng ရောက်လာတော့

       " ငါ နောက်လလောက် ကျောင်းပြောင်းတော့မလို့ … " Heng

        " အယ် … ဘာလို့ … " Sarocha တစ်ယောက်ပုံဆွဲတာကို ရပ်ပြီးတော့

        " နင်နဲ့ငါက ငယ်ငယ်ကတည်းက သူငယ်ချင်းမလို့ ယုံလိုက်မယ် " Heng

        " ဒါပေါ့ … ငါက ယုံလို့ရတယ် " Sarocha

        " ငါလည်း စိတ်တွေကျဉ်းကြပ်နေတာ … Kung အသတ်ခံရတုန်းက ငါ့အတန်းထဲကကျောင်းသူ ကအဲ့အနားၡိတော့ လူသတ်သမား က သူ့ကို အမဲလိုက်သလိုလိုက်နေတာ " Heng တစ်ယောက်သက်ပျင်းချပြီး ပြောတယ် .

         " ဒါ ရဲတိုင်သင့်တယ်လေ " Sarocha

         " ရဲတိုင်ရင် စစ်ဆေးချက်တွေ ဘာတွေနဲ့ ပြီးရင် ဝရမ်းထုတ်ဖို့ သက်သေအချက်အလဲဆို ကျောင်းသူ မြင်တွေ့ခဲ့တာပဲၡိတယ် . ကိစ္စက ထွေ
ပြားသွားလိမ့်မယ် . " Heng

Fish In The PalmWhere stories live. Discover now