Chapter 4

50 9 0
                                    

အပိုင်း ၄

         Song တစ်ယောက် စာသင်ခန်းကိုရောက်ဖို့  အမြန်ပြေးသွားရင်း လူတစ်ယောက်နဲ့ ဝင်တိုက်မိသွားတဲ့အချိန်

        " တောင်းပန်ပါတယ် … " လက်ထဲက ပြုတ်ကျသွားတဲ့ စာအုပ်တွေကို ကောက်ရင်း သူ့ရဲ့ သီချင်းနားထောင်နေကြ MP3 လေးက အဖုံးနဲ့ကိုယ်ထည်
ကွဲသွားတယ် .

         " ဟယ် … Kru Heng ပေးထားတာလေး … " ဆိုပြီး ခလုတ်ကို ဖိကြည့်ရင်း …

       " Song … MP3 က ဘာဖြစ်သွားသေးလဲ " Sarocha

      " အာ ဟိုလေ … ရုပ်မပေါ်တော့လို့ " Song က
စိတ်ညစ်နေတဲ့အသံနဲ့ပြောတော့

       "အာ Heng လက်ဆောင်ပေးထားတာမလား" Sarocha

      " Kru ကြောင့်ဖြစ်သွားတာဆိုတော့ ပြင်ပေးပါမယ် . အခုအားတော့ ဆိုင်သွားပြင်ပြီး ညနေကျောင်းမဆင်းခင် လာပြန်ပေးမယ်လေနော် .  " Sarocha ကပြောပြီး လက်ဖြန့်လိုက်ချိန် Song က MP3 ကို ထည့်ပေးလိုက်တယ် .

         " ကျေးဇူးပါ Kru " Song လည်းအမြန်ပဲ သူ့အခန်းဆီပြေးသွားတယ် .

           …………………………………………………

ညနေ အသင်းချိန်ရောက်တော့ N'Beck တစ်ယောက် ပန်းချီအခန်းထဲကို စောစောရောက်တာနဲ့
ဟိုကြည့်ဒီကြည့်လုပ်ရင်း အခန်းတစ်ခုကို တွေ့သွားတာနဲ့ အထဲကို ဝင်ကြည့်လိုက်တယ် . အခန်းထဲ ပန်းချီကားချပ်တွေကို အဝတ်ဖြူတွေ အုပ်ထားတဲ့
ပန်းချီကားချက်တစ်ခုကိုဖွင့်ကြည့်ဖို့ လုပ်ရင်း

           " ဒေါက် … " မီးခလုတ်ဖွင့်တဲ့ အသံကို ကြားလိုက်ရတယ် …

           "P'Freen … " N'Becky လည်း ပုန်းဖို့အချိန်
တောင်မရလိုက်ဘူး . သူလည်း ကိုင်ကြည့်နေတဲ့ ပန်းချီကားကို ချလိုက်ပြီးတော့ …

           " N'Beck က စောရောက်နေတာပဲ . အချိန်က  ၁ နာရီလောက်လိုသေးတာ " P'Freen က ကော်ဖီ ခွက်လေးကိုင်ပြီး အခန်းထဲကို ဝင်လာတယ်.
ပန်းချီကားတွေရဲ့ ဘေးနား စင်ထဲ ပန်းအိုးတွေကို
တွေ့လိုက်ရတယ် .

        " အဲ့ဒီ အိုး ပန်းချီက P'Freen ဆွဲထားတာလား"
N'Becky

       " ဒါပေါ့ … " P'Freen တစ်ယောက် ထိုင်ခုံတစ်ခုကို ဆွဲယူပြီးထိုင်လိုက်တယ် . N'Beck တစ်ယောက်
စင်အနားသွားပြီးတော့ ပန်းအိုးတွေကို ကြည့်ရင်း

Fish In The PalmDonde viven las historias. Descúbrelo ahora