2

260 34 3
                                    

Unicode

"ငါလား သူ့ကိုငါ့အပိုင်ဖြစ်အောင်လုပ်မလို့"

"နင်ဟာလေ တကယ်ပါပဲ"

Rosé ဟာ Lisaကိုမနိုင်မှာမှန်းသိရက်နဲ့ တားဖို့ကြိုးစားသေးသည် ဒါပေမဲ့လဲအချည်းနှီးသာ။ Rosé ကသူ့ကို ခြေရောလက်ပါမြှောက်မိသည်

"ကိုယ်ချင်းစာစမ်းပါ Park Chaeyoung ရာ နင်ရော အဲ့ဒီ ဘာ? Jisoo Turtle- Monkey ဆိုလား?"

"Jisoo Turtle-Rabbit ဟ Kim Jisoo လို့ခေါ်ရင်ရပြီ နာမည်မဖျက်နဲ့"

Rosé အကောင်းနားထောင်နေရင်းကနေ Lisa စကားကြောင့် Lisaကိုထသတ်ချင်စိတ်ပေါက်သွားတာအမှန်ပါ

"နင်ရော Kim Jisoo ကိုမပိုင်ဆိုင်ချင်ဘူးလား"

"ငါကကြိုးစားလို့ရသေးတယ် သူ့မှာဆိုင်သူမရှိသေးဘူး"

အဲ့တာပြန်ပြောပြီး အေးအေးဆေးဆေး မနက်စာပြန်စားနေတဲ့ Rosé ကိုကြည့်ကာ Kim Jisoo မြန်မြန်ရည်းစားရသွားမှ ကောင်းမှာလို့ မေတ္တာပို့နေတာ Lisaဖြစ်သည်

"နောက်နေ့ငါစောစောထရမယ်"

"ငါတို့2ပတ်ပဲနေမှာ"

"ဟမ်"

Rosé ၏စကားကြောင့် Lisa သူ့ကိုယ်သူအသက်ရှိနေတယ်လို့ မထင်တော့ပါ သူ့ဘဝက Ruby ရှိမှပြည့်စုံမှာ

"ဘာလို့လဲ Meeting က 2ပတ်အတွင်း5ခါပဲလုပ်မှာ အဲ့တာပြီးတာနဲ့ ငါတို့ Korea ကိုပြန်ပြီးပြင်ဆင်ရမယ်"

"နင်ပဲပြန်တော့ ငါနေခဲ့မှာ"

"Ya နင်ကဒါရိုက်တာနော်"

Lisa စိတ်ရှုပ်လာသည် Korea ကိုသူက Rubyမပါပဲမပြန်ချင်ပါ တစ်ဘက်မှာလဲကုမ္မဏီကတန်းလန်းကြီး

"ငါမရှိလည်းရတယ်လေ နင့်တစ်ယောက်ထဲမကိုင်တွယ်နိုင်ဘူးလား ဒါလေးတောင် မထိန်းနိုင်ရင် နင့်CEOရာထူးကဘာသုံးစားရမှာလဲ"

Lisa မပြန်ချင်၍ပြောနေပေမယ့် Rosé ဒေါသထွက်သွားတာအမှန်ပါ 'နင့်CEOရာထူးကဘာသုံးစားရမှာလဲ' ဆိုသည့်အသုံးအနှုန်းက နင်ကဘာသုံးစားရမှာလဲ ဆိုသည့်အဓိပ္ပာယ်ပေါက်သွားပုံရသည်

"Lalisa ကုမ္မဏီက ငါတို့နှစ်ယောက်ရှိမှဖြစ်မှာ ငါတို့ကရာထူးအကြီးဆုံးလေ နင် Jennie Kim အတွက်ကြောင့်နဲ့ Korea ကိုတောင်ပြန်မလိုက်တော့ဘူးလား"

LocoWhere stories live. Discover now