6

305 42 2
                                    

Unicode

"Lisa ya သိပ်မငမ်းနဲ့ Terryကသူ့နားမှာရှိတယ်"

"ဘာလဲ ငါကစော/က်ဂရုစိုက်ရမှာလား"

Lisaတို့နဲ့ သိပ်မလှမ်းတဲ့စားပွဲဝိုင်းမှာ ထိုင်နေသည့်Jennieကို Lisaကအဆက်မပြတ်ကြည့်နေသည်မလို့ Roséကသူ့ကိုသတိပေးလိုက်ခြင်းဖြစ်သည် Terryကတော့ အဲ့နားလေးမှာပဲ အဝေးကဧည့်သည်တွေကို ဧည့်ခံနေခြင်းဖြစ်သည်

"အေး နင်စော/က်ဂရုမစိုက်ရင်တောင် ဒါကလူမြင်ကွင်းမှာနော်"

Rosé ရဲ့စကား‌ကြောင့် Lisaနည်းနည်းတော့ စိတ်ရှုပ်မိသွားသည် ရိုင်းသောစကားလုံးပါခြင်းကြောင့်တော့မဟုတ်ပါ တကယ်လူမြင်ကွင်းမှာဖြစ်နေခြင်းကြောင့်ဖြစ်သည် မျက်ခုံးတွေတွန့်ချိုးသွားပြီး Rosé ပြန်‌ပြောဖို့လုပ်လိုက်ချိန် Mr.Janeကအနားရောင်လာသည် Lisa ပါးစပ်ပိတ်သွားရသည်

"ဘယ်သူလဲလို့အဝေးကကြည့်နေတာMiss Parkပါလား Miss Parkက ဒီdressနဲ့ လှနေတာပဲ"

ဟုတ်လဲဟုတ်သည် Roséကအနက်ရောင်ဒူးဖုံးဂါဝန်ကိုဝတ်ထားပြီး ရွှေအိုရောင်ဆံပင်လေးတွေကိုချထားသည် ဒီလိုပွဲတွေဆို Lisaနဲ့ Rosé နှစ်ယောက်သား ဂါဝန်ဝတ်လေ့မရှိပဲ အနက်ရောင်၊မီးခိုးရောင် နှင့်အဖြူရောင် စသည့် စီးပွားရေးပညာရှင်ပီပီ suitတွေပဲဝတ်ကြတာများသည် ဒါပေမဲ့ဒီနေ့တော့ Rosé ကဂါဝန်ဝတ်လာသည်

"Thanks a lot"

Rosé ပြုံး၍စကားပြန်ပြောလိုက်သည်

"ဒါဆို Miss Park တို့ ဟိုဘက်လာထိုင်ကြမလား ကျွန်တော့်သမီးနှစ်ယောက်လဲရှိတယ်လေ"

"ရပါတယ် မထိုင်တော့....."

"ဟုတ်ကဲ့ ထိုင်လိုက်ပါ့မယ်"

Lisaငြင်းဖို့လုပ်တော့ Rosé ကစကားဖြတ်ပြီးလက်ခံလိုက်တာကြောင့် Lisa အခုပဲ Rosé ကိုထုချင်စိတ်ပေါက်သွားသည်

Mr.Janeက ဟိုဘက်ကိုသွားဖို့ပြောလိုက်ပြီး ဧည့်သည်တွေကိုနှုတ်ဆက်ဖို့ထွက်သွားပေမဲ့ Lisaကကျောက်ရုပ်ကြီးလိုထိုင်နေသည် Rosé ကိုလဲအပြစ်ပြောနေသည်

"ဟိုဘက်သွားထိုင်ရအောင်လို့ Lalisa"

"နင်ဘာလို့လက်ခံလိုက်တာလဲ ပြီးရင်ဟိုကောင်နဲ့Ruby တူတူထိုင်တာကိုကြည့်ရတော့မယ်"

LocoWhere stories live. Discover now