11

262 33 4
                                    

Unicode

လေယာဉ်ပျံဟာ ‌Seoul international airport သို့ ဆိုက်ကပ်လာပြီး တံခါးဖွင့်တော့ အားလုံးထပ်အရင်ဆင်းသူမှာ ခါးအောက်ဂါဝန်အဖြူလေးကို ဂျင်းဘောင်းဘီအတိုနှင့်တွဲဝတ်ကာ အနက်ရောင်ဆံပင်ရှည်များကို ချထားသည့်အသက်20ဝန်းကျင် မိန်းကလေးဖြစ်သည်

သူဟာသူ့ပိုက်ဆံအိတ်လေးကလွဲလျှင် ဘာအိတ်မှမဆွဲလာတာမလို့ သူတစ်ယောက်ထဲတော့မဖြစ်နိုင်။ အပြင်ရောက်လာတာတောင် ကွင်းကြီးထဲရပ်နေတုန်းမလို့ သူ့အပေါင်းအပါတွေကိုစောင့်နေတာဖြစ်လောက်မည်

အားလုံးဆင်းပြီးနောက်မှာ ရေဗူး၊ မုန့်ဘာညာအတိုအစထည့်သည့် အိတ်သာကိုင်လာသည့် မိန်းကလေးတစ်ယောက်ရယ် စောင်အပါးလေးတွေကို ထည့်ထားသည့်အိတ်ကို ကိုင်လာသည့် နောက်ထပ်မိန်းကလေးတစ်ဦးက ခုနဘာမှမပါလာသည့် မိန်းကလေးနားကိုချဉ်းကပ်သွားကြသည်

"အထဲဝင်ရအောင် Jen"

"Passport တွေရော Rosé"

"ငါ့ handbag ထဲမှာပါတယ် ရုံထဲရောက်မှယူကြတာပေါ့"

သူတို့ဟာ Hawaii ကနေ Korea ကိုပြန်ရောက်နေပြီဖြစ်သည် Rosé နှင့် Lisa ဟာအလုပ်ကြောင့်ခရီးဝေးထွက်နေကြမို့ သိပ်ပြီးမပင်ပန်းပေမဲ့ Jenအတွက် ဒီလိုခရီးဝေးကပထမဆုံးမလို့ ဒီ19နာရီကျော် လေယာဉ်ပေါ်ထိုင်လာရသည့် ခရီးစဉ်ဟာ မသက်သာလှပါ။

"Ruby နားချင်ရင် ကားထဲသွားနားတော့နော် ကိုယ်ဒီမှာကျန်တဲ့ကိစ္စတွေလုပ်လိုက်ဦးမယ်"

Security check နှင့် baggage claim လုပ်ပြီးတော့ Jenဟာ ပင်ပန်းနေပုံပေါ်တာကြောင့် Lisaက Jenကိုသွားနား‌ခိုင်းသည် ဒါပေမဲ့ Jenဟာ သူ့ကိုသာကြည့်ပြီး အကြည့်ပြန်လွှဲသည်

"ဟုတ်တယ် Jen သွားနား‌တော့ ယူစရာအိတ်လဲသိပ်မများဘူးဆိုတော့ ငါတို့သယ်လာခဲ့မယ် လေယာဉ်ကွင်းထဲမှာရပ်ထားတဲ့ Toyotaကားအနီလေး ပေါ်တက်သွားလိုက် ဒီမှာကားသော့"

Rosé ပြောလိုက်တော့ ချက်ခြင်းပဲJenက Rosé ကမ်းပေးလာတဲ့ ကားသော့ကိုယူကာ ကျေးဇူးတင်ကြောင်းပြောပြီး လှည့်ထွက်သွားသည် Lisaဟာ Rosé ကိုခပ်စူးစူးကြည့်ကာ ပြောလိုက်သည်

LocoWhere stories live. Discover now