Part 1

506 24 13
                                    

Unicode

အထပ်မြင့် ကွန်ဒိုတိုက်ခန်းနံပါတ် 3002ဆိုတဲ့အခန်းရှေ့မှာ ရပ်နေတဲ့Eunseokက သူ့ရဲ့တုန်ယင်နေတဲ့လက်ချောင်းလေးတွေကို
တံခါး Bellဆီ နှိပ်လိုက်သည်။

တံခါးလာဖွင့်​ပေးတဲ့ Seunghanက သူ့ကိုငြိမ်သက်စွာ ကြည့်နေသလို သူလည်းဘာစကားမှ စ´မပြော။

တံခါးပေါက်မှာရပ်​​နေတဲ့ လွမ်းဆွတ်တမ်းတခဲ့ရတဲ့ အကိုEunseokရဲ့ မျက်နှာအေးအေးချမ်းချမ်းလေးကို Seunghan ငေးမောစွာ ကြည့်​နေမိသည်။ 

Eunsoekလည်း ထိုကောင်လေးကို အတန်ကြာငေးကြည့်နေမိပြီးမှ သတိ​​​ပြန်ကပ််လိုက်သည်။

''အလုပ်ကိစ္စ ပြောစရာရှိလို့လာတာ အထဲဝင်လို့ရမလား ''

Seunghan သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်အကြောင်း စပြောလာတဲ့အကို့ကြောင့် သူ့ခန္ဓာကိုယ်နဲ့ ပိတ်ရပ်ထားတဲ့ တံခါးပေါက်ကို သူရှောင်ဖယ်ပေးလိုက်သည်။

အကိုက အရင်တိုင်း ဆံပင်အညိုရောင်ပျော့ပျော့လေးတွေကို ခပ်အုပ်အုပ်ကလေး ညှပ်ထားပြီး Suit ခဲရောင်လေးတွေ ဝတ်တတ်တာက မပြောင်းလဲသေး။

အကိုက အလွတ်ရနေတဲ့ Seunghanအခန်းရဲ့ ဆိုဖာခုံဆီ သွားထိုင်နှင့်သည်။  

Eunseokအတွက် ရေခဲသေတ္တာထဲက  Nescafe' အစိမ်းရောင်သံဗူးကို  ဖောက်ပြီးခုံပေါ် ချပေးကာ Seunghan အကိုEunseokရှေ့က ခုံဆီသို့ ဝင်ထိုင်လိုက်သည်။

အကိုက သူ့ကိုအထူးတဆန်း ကြည့်လာပြီး စားပွဲပေါ်က ကော်ဖီဘူးဆီ မျက်လုံး ပို့လိုက်သည်။

''အလုပ်အပ်ဖို့လား ''

Seunghanဆီက မေးလာတဲ့ မေးခွန်းကြောင့် Eunseokက သူ့ကုတ်အင်္ကျီရဲ့ အတွင်းအိတ်ကပ်ထဲထည့်လာတဲ့ စာရွက်ခေါက်လေးကို ထုတ်ကာ ဖြန့်လိုက်ပြီး Seunghan​ရှေ့ ချပေးလိုက်သည်။

'' အာ...အကိုတို့တောင် ရုံးခွဲထပ်ဖွင့်ဖို့ပြင်ဆင်နေပြီလား... အကိုတို့ ကုမ္ပဏီရုံးခွဲအတွက် ဒီဇိုင်းလှလှလေးဆွဲပေးပါ့မယ် မရီးလည်း သဘောကျအောင် ''

နောက်ဆုံး အဆုံးသတ်ကို ပြောတဲ့အသံက ခနဲ့သံပါလာတဲ့ လေသံကြောင့်  Eunseok သူ့ရှေ့က ကောင်လေးကို စိုက်ကြည့်လိုက်သည်။

Our Memories Where stories live. Discover now