Part 4

166 22 34
                                    

ဒီက စပြီး နာမည်လေးတွေကို မြန်မာလိုအသုံးပြုသွားပါ့မယ် ဆိုတာလေး အသိပေးချင်ပါတယ် ။

Unicode

အွန်းဆော့ အခါတိုင်းနေ့တွေလို နိုးလာတာနဲ့ သူနဲ့ တူလေးဖြစ်တဲ့ ဆိုဟီးအတွက် မနက်စာကို ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်သည်။

မနက်တိုင်း သူ့အပင်မျိုးစုံကို ပြုစုနေတတ်တဲ့ ဆိုဟီးကလည်း အိမ်ရှေ့က သူ့စိုက်ခင်းလေးထဲ ရေလောင်း ပေါင်းသင် ရင်းအလုပ်ရှုပ်နေလိမ့်မည်။

''ဆိုဟီး မနက်စာ ရပြီ''

''ဟုတ်...လာပြီ... ''

သံရှည်စွဲကာ အထဲရောက်မလာသေးတဲ့ တူဖြစ်သူကို အွန်းဆော့ မစောင့်ပဲ နွားနို့ကို တကျိုက်ထဲသောက်ကာ ပေါက်မုန့်မီးကင်ကို ချိစ်သုတ်ပြီး ပါးစပ်ထဲ ထိုးသွပ်၍ သူကိုင်နေကျ Boxကို ယူပြီး အိမ်ရှေ့ထွက်လာလိုက်သည်။

အခုမှ သူ့စိုက်ခင်းထဲက ထွက်လာပုံရတဲ့ ဆိုဟီးက ခပ်သုတ်သုတ် ထွက်သွားတဲ့ ဦးလေးဖြစ်သူကို ကြည့်ကာ ခေါင်းခါရမ်းလိုက်သည်။

''ဒီဦးလေးရဲ့ အချိန်မတိကျမှုကိုတော့...လိုက်လို့မမှီဘူး စောလိုက်နောက်ကျလိုက်နဲ့ လုပ်ချင်တိုင်းကို လုပ်နေတော့တာ ''

ဆိုဟီး ရေချိုးပြီးမှ ဦးလေးပြင်ပေးခဲ့တဲ့ မနက်စာကို အေးအေးဆေးဆေးစားရင်း လက်ကလည်း ဖုန်းပွတ်ရင်းနဲ့ အပင်စိုက်နည်းတွေကိုလေ့လာရသေးသည်။

''ဗျို့ ...အိမ်ရှင်တို့..''

ခြံရှေ့က လှမ်းအော်သံကြောင့် ဆိုဟီး မနက်စောစောစီးစီး အိမ်ကို ဘယ်ကဧည့်သည်လာလည်းဟု တွေးကာ ခြံတံခါးကို သွားဖွင့်ပေးလိုက်သည်။

''အာ..မနေ့က... ''

''ဟိုလူရော...''

''ဦးလေးလား...''

''အာ.. Sorry ဟုတ်တယ် မင်းဦးလေးရော''

''သွားလိုက်ပြီ..''

''ဟာ.... အစောကြီး''

သူ့ရှေ့က လှစ်ခနဲနေအောင် ပြေးထွက်သွားတဲ့သူကိုကြည့်ကာ ဆိုဟီးခေါင်းထဲ အတွေးတစ်ခု တွေးလိုက်မိသည်။

''ဦးလေး ဘယ်သွားတယ်ဆိုတာ ငါတောင်မသိတာကို... အဲ့နှစ်ယောက်သာ တွဲဖြစ်ရင် တကယ် လိုက်ဖက်နိုင်တယ် အရူးတွေ''

Our Memories Where stories live. Discover now