Part 7

139 22 26
                                    

အွန်းဆော့ ခုံပေါ်မှီထိုင်ကာ လက်ပိုက်လျက်  သူ့မျက်နှာချင်းဆိုင်ခုံက ဟယ်ရင်းကို နာရီဝက်နီးပါး ထိုင်ကြည့်နေမိသည်။

ဟယ်ရင်းက အမှားလုပ်ထားတဲ့လူတစ်ယောက်လို အွန်းဆော့ရဲ့ အကြည့်ကို ပတ်ရှောင်ရင်း ဟို​လှည့် ဒီလှည့်ဖြင့်။

''ငါနဲ့ရတဲ့ ကိုယ်ဝန်???''

နာရီဝက်နီးပါးအကြာမှ အွန်းဆော့ဆီက ထွက်လာတဲ့မေးခွန်း..။

''အွန်းဆော့ ငါပြောပြမယ်''

အွန်းဆော့မေးခွန်းကြောင့် ဟယ်ရင်းက စိုးရိမ်တဲ့အသံနဲ့ပြောသည်။

''ဘယ်ကောင်လဲ ''

''အွန်းဆော့... ''

''ငါမေးတာဖြေစမ်းပါ ကင်ဟယ်ရင်း.. ဘယ်ကောင်လဲ''

''ငါ့မှာ အားကိုးစရာ နင်ပဲရှိပါတယ်ဟာ...''

''ဒါက အဖြေမဟုတ်ဘူးလေ ကင်ဟယ်ရင်း။ ငါမေးနေတာ အဲ့ဒီ့ကလေးရဲ့အဖေအစစ်က ဘယ်ကောင်လည်းလို့ ရှင်းရှင်းလေး ... ''

''ငါမသိဘူး အွန်းဆော့ ငါနင့်ကိုသဘောကျခဲ့ဖူးတာ မှတ်မိတယ်မလား။''

''အဲ့တာငါနဲ့ဘာဆိုင်လဲ နင်ငါ့ကိုသ​ဘောကျဖူးတာနဲ့ နင့်ကိုယ်ဝန်က ငါနဲ့ရတာဖြစ်သွားသလား''

'' နင်ငါ့ကို ငြင်းပြီးတဲ့နောက်မှာ  ငါရည်းစားတွေ ထည်လဲ တွဲခဲ့မိရာက မှားမိသွားခဲ့တာ။ ဘယ်သူ့ကလေးမှန်း ငါမသိတော့ဘူး အွန်းဆော့...ငါ့ကိုကူညီပါ.''

''ကင်ဟယ်ရင်းရာ...နင်ဟာသတွေ လာပြောနေတာလား...''

''ငါ့မျက်နှာကို မထောက်ရင်တောင် 7လထဲ ဝင်နေပြီဖြစ်တဲ့ ဒီကလေးလေးကို သနားရင်ဖြစ်ဖြစ် နင်ကူညီပါအွန်းဆော့ရယ်...နော်... ငါအစကတော့ တိုက်ခန်းမှာ ငှားနေပြီး ငါ့အိမ်ကို ညာပြောထားတာ ။ဒါပေမယ့် ငါ့အမေက စုံစမ်းရင်း မိသွားတယ် ။ မနေ့ကငါ့ကိုဖုန်းဆက်လာတာ ဒီကလေးရဲ့အဖေကို မဖော်ရင် သူလက်သည်ခေါ်လာပြီး ဒီကလေးကို ဖျက်ချပစ်မယ်ဆိုပြီးတော့ ငါ့ကိုပြောတယ်.. ။ ငါဒီကလေးကို မွေးပြီးတာနဲ့ ငါနိုင်ငံခြားကို အပြီးထွက်သွားမှာမို့... ဒီကာလလေးပဲ အွန်းဆော့ရယ် နော်... ''

Our Memories Where stories live. Discover now