Ep-12 [ Unicode ]

109 9 16
                                    

'' အကို ၊ ဒါကဒီနေ့လာချမဲ့ပစ္စည်းစာရင်းနဲ့ ဘောက်ချာတွေပါ  ''

'' အင်း ရပြီ ၊ ကျေးဇူး ငါ့ညီ ၊ ဒါနဲ့နာမည်က ''

'' ကျွန်တော့်နာမည် ဇေယျာပါဗျ ''

'' ဟုတ်ပြီ ဇေယျာ ၊ နေ့လည်ကျ ဝန်ထမ်းတွေထမင်းစားနားပြီးတာနဲ့ အလုပ်တန်းမလုပ်သေးပဲ meeting room ထဲ ခနလူစုဖို့ပြောပေးနော် ''

'' ဟို အကို၊ ကျွန်တော်တို့ပွဲရုံမှာ meeting room မရှိဘူးခင်ဗျ ''

ဇေယျာဆိုတဲ့ ကောင်လေးရဲ့အပြောကြောင့် ခန့်မင်းသက်တည် ခေါင်းညိမ့်လိုက်သည်။ ဆယ်စုနှစ်ကြာ တည်ရှိလာသည့် စားပွဲရုံဖြစ်တာကြောင့် ဒီလိုအခန်းပိုတွေမရှိတာလည်းမဆန်း ။ မိမိကသာ မန္တလေးပွဲရုံကိုတွေးမိပြီး ပြောလိုက်ခြင်း ။ မန္တလေးမှာရှိသည့် ရုံကဆိုင်ခွဲဖွင့်ထားတာ နှစ်သိပ်မကြာသေးတာကြောင့် ခေတ်မှီသည့်အပြင်အဆင်များအတော်စုံလင်သည်။

'' အဲ့ဒါဆို မင်းတို့နားနေကျနေရာမှာပဲ ဖြစ်ဖြစ် ၊ ဘယ်နေရာပဲ ဖြစ်ဖြစ် လူစုလို့ရတဲ့နေရာဆိုရင်စုထားလိုက်ကွာ။ အကိုလည်း သေချာမိတ်ဆက်မှ အလုပ်သမားတွေနဲ့ ရင်းနီးမှာမလို့ ။ ပြီးတော့ ပစ္စည်းတွေလာချရင် အကို့ကိုတချက်လာပြော ။ ကဲ သွားလို့ရပြီ  ''

'' ဟုတ်ကဲ့ အကို ၊ ကျွန်တော်သေချာလုပ်ထားလိုက်ပါ့မယ် ''

မိမိတစ်ယောက်တည်း ကျန်ခဲ့တော့မှ ခန့်မင်းသက်တည် ဝတ်ထားသည့် ရှပ်အိင်္ကျီလက်ရှည်ကို တံတောင်ဆစ်ထိခေါက်တင်လိုက်ကာ အဲကွန်းကို မြှင့်လိုက်သည်။ မိုးကရွာပေမယ့် နေကအရမ်းပူတာကြောင့် ရန်ကုန်ရာသီဥတုကအစိုးမရ ။ သွားရလာရတာလည်း စိုစိစိုစိဖြစ်တာကြောင့် ခန့်မင်းသက်တည်နဲ့ မိုးရာသီဟာအတော်လေး အဆင်မပြေ။

'' တကယ်ကြီး ချောပါတယ်ဆိုမှ '' 

'' ဟုတ်ပါ့ ကောင်မရယ် ''

'' အေးပါဆို ၊ ငါနင့်ပြောသားပဲ ၊ ငါစစချင်းတုန်းက ကိုယ့်မျက်လုံးကိုယ်တောင်မယုံနိုင်ဘူး ၊ အခုကစပြီး ငါနေ့တိုင်းအလုပ်မှန်တော့မယ် ''

ကောင်မလေးနှစ်ယောက်က မန်နေဂျာရုံးခန်းရှေ့မှာ တွတ်ထိုးနေ​ကြစဥ် အခန်းထဲကထွက်လာတဲ့ ကိုဇေယျာကြောင့် အသံတွေတိတ်ကျသွားရသည်။ 

A Tale of Two HeartsOnde as histórias ganham vida. Descobre agora