Chapter 59

206 14 1
                                    

Chapter 59

ရှေ့ဆုံးကမြင်းဖြူကို မြင်လိုက်သည့်အခါ ရာနီယာ၏ မျက်လုံးတွေ တောက်ပလာရ၏။ မြင်းဖြူစီးသူမှာ ဒုတိယမင်းသမီး အာဆီလီယာ ဖြစ် နေသည်။ သူမလည်း ရွှေအခွင့်အရေးတစ်ခုဟု ယူဆလိုက်သည်။ အာဆီလီယာ ဦးဆောင်သော မိတ်ဆွေးအသိုင်းအဝိုင်းငယ်လေးသည် တော်ဝင်လူ့အဖွဲ့အစည်းကို ချုပ်ကိုင်ထားသည်။

အဖွဲ့၀င် အမျိုးသမီးတစ်ဦးက တစ်ခုခု ဝင်ရောက်ပြောဆိုလိုက်လျှင်ပင် သူမပတ်ဝန်းကျင််မှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတတ်သည်။ထို့ကြောင့် အာဆီလီယာ တို့အသိုင်းအဝိုင်းကို သူမ သဘောကျသည်။သူမတို့လို နာမည်ပျက် မိသားစုကို  အဖက်တစ်ခါမှမလုပ်ခဲ့ဘဲ ယခုမှ လာဖိတ်ခြင်းဖြစ်လေသည်။   ယခုမှစပြီး သူမသည် အာဆီလီယာနှင့်  နီးစပ်လာပေလိမ့်မည်။

"အား..."

ရာနီယာ သည် အချိန်မီပင် မြေပြင်ပေါ်သို့ လဲကျသွားဟန်ဆောင်လိုက်သည်။ ထိုအခါ အာဆီလီယာနှင့် မြင်းစီးလာသော အမျိုးသမီးတို့သည် ရပ်လိုက်ကြ၏။ အာဆီလီယာ သည် မြင်းပေါ်မှနေ၍ သူမကို ငုံ့ကြည့်ရင်း သူမ ခန္ဓာကိုယ်အား စိုက်ကြည့်မိသောအခါ သနားစိတ်တို့ဖြစ်လာရလေသည်။

"အဆင်ပြေရဲ့လား..."

အာဆီလီယာက မြင်းပေါ်က မဆင်းဘဲ မေးလိုက်သည်။ ယခုလို ကလေးအထာတွေနှင့် သူမဆီကို ချဉ်းကပ်သူ များလွန်းတာကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်မိသည်။ သို့သော် သူမ ဂရုစိုက်ရသည့် အကြောင်းရင်းမှာ သူမ၏ နာမည်ဂုဏ်သတင်းကြောင့် ဖြစ်သည်။

"အိုး…ဟုတ်ကဲ့…ကျွန်မ အဆင်ပြေပါတယ်..."

ရာနီယာ ဖြည်းညှင်းစွာထလာပြီး သနားစရာကောင်းသော မျက်နှာဖြင့် အာဆီလီယာ ကို မော့ကြည့်လိုက်သည်။သူမ အနီးတစ်ဝိုက်မှာ ဘယ်သူမှမရှိဘူးဆိုတာကို အာဆီလီယာ သဘောပေါက်သွားပြီး မေးလိုက်၏။

"မြင်းမပါဘဲ ဒီကို ဘယ်လိုရောက်လာတာလဲ ..."

"ကျွန်မရဲ့ သိမ်းငှက်နဲ့ မြင်းပျောက်သွားခဲ့တာပါ..."

အာစီလီယာ၏ မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာ ပေါ်လာသည်။ ယခုလို ထူးထူးဆန်းဆန်း နည်းမျိုးနှင့် သူမကို ချဉ်းကပ်ဖို့ လုပ်ကြသူများစွာ ရှိပေသည်။ အထူးသဖြင့် အဆင့်အတန်းနိမ့်သူများပင် ဖြစ်သည်။သူမ ရာနီယာ ကို တစ်ချက်ကြည့်လိုက်သည်။ သပ်ရပ်သောဆံပင်နှင့် အဝတ်အစားများက ယခုတော့ ရယ်စရာပုံစံ ဖြစ်ကာ ဖက်ရှင်မကျတော့ပေ။နဂိုကမူ ဈေးအကြီးဆုံးအ၀တ်အစားများကို ၀တ်ဆင်ထားပုံရသည်။သို့သော် ဝတ်စုံက တောဆန်နေသည်။ သူမနှင့် စကားပြောရန် ယခုလို အပင်ပန်းခံ ကြိုးစားအားထုတ်သည့်အတွက် သဘောကျသလိုရှိကာ အလိုက်အထိုက် ပြန်ပြောလိုက်သည်။

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Where stories live. Discover now