Chapter 72

146 8 1
                                    

Chapter 72

"မင်္ဂလာပါ…မင်းနာမည်က ဘယ်လိုခေါ်လဲ..."

"မင်းဆံပင်က လှလိုက်တာနော်..."

"မင်းကြည့်ရတာ မင်းသားလေးလိုပါပဲ..."

အဆင့်မခွဲခြားဘဲ လူတိုင်းက အီလီယန် ကို တအံ့တသြ စိတ်ဝင်စားနေကြသည်။ သူတို့ကို ဆွဲဆောင်လိုက်သော အီလီယန်က ပြန်ပြုံးပြလိုက်ရာ သူတို့လည်း သဘောကျသွားသည်။ စကားလုံး ဆယ်လုံး ပြောတာထက် တစ်ကြိမ်ပြုံးတာက ပိုထိရောက်ပေသည်။

“ဘာလဲ….”

လူတိုင်းက အီလီယန်ကို အာရုံစိုက်နေကြသောအခါ အာဆီလီယာ ၏ သားကြီး လပ်စ် သည် မျက်မှောင်ကြုတ်လိုက်သည်။ လပ်စ် သည် ယခုအချိန်အထိ ဤနေရာတွင် ကလေးဗိုလ်အဖြစ် ရပ်တည်နေသူဖြစ်ပြီး အီလီယန် ကြောင့် သူ့ကို ဘယ်သူမှ အာရုံမစိုက်ကြတော့ချေ။ လပ်စ် က စိတ်ဆိုးသွားသလို ခြေသံပြင်းပြင်း လျှောက်လာပြီး ကလေးတွေကို အော်ဟစ်လိုက်သည်။

"မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ…ငါက ဒီမှာ မင်းတို့ရဲ့ ခေါင်းဆောင်လေကွာ..."

ကလေးတွေက အံ့သြတကြီး မျက်တောင်ခတ်ပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြသည်။

"ဘာလဲ....ခေါင်းဆောင် ဆိုပါလား..."

"သူကဘာလို့ ခေါင်းဆောင်ဖြစ်တာလဲ..."

ကံမကောင်းစွာပင်၊ ငယ်ရွယ်သောကလေးငယ်များသည် အဆင့်အတန်းနှင့် အာဏာကို မသိနားမလည်ကြပေ။ လပ်စ် သည် အထက်လူကြီးဆိုသည့် သဘောနှင့် သူ့ကို ကြောက်လာအောင်  ထပ်မံကြိုးစားသော်လည်း ကလေးများ က မကြောက်ကြပေ။သူ ဒေါသထွက်ပြ နေသော်လည်း သူ့အနားကို ဘယ်သူမှ မလာကြပေ။

"ငါတို့နဲ့ကစားပါလား..."

လပ်စ် ကို အဖက်မလုပ်ကြတော့သည့် ကလေးတွေက အီလီယန် ကို အတူတူကစားဖို့ ခေါ်လိုက်သည်။

အားလုံးက အီလီယန် နှင့်ကစားရဖို့ စိတ်လှုပ်ရှားနေကြသော်လည်း အီလီယန် က မတုန်မလှုပ်ဖြစ်နေသည်။သူ့သဘောက သူနှင့်ကစားချင်နေသည့် ကလေးတွေကို စိတ်ပျက်အောင် လုပ်ခြင်းမဟုတ်ပေ။သူငယ်ချင်းတစ်ယောက်နှင့် ပျော်ပျော်ရွှင်ရွှင် နေသင့်၊မသင့် ဆုံးဖြတ်နေခြင်းပင်။

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Onde as histórias ganham vida. Descobre agora