Ch 2:ငါ့ကိုရွေးပါ

120 22 0
                                    

ပိုင်ဆန်းက "အကျိုးအကြောင်းသင့်သည်" ဆို​သော
စကားကိုသိဖို့မှာ တကယ်တမ်းတော့ မျှော်လင့်ချက်အတွေးသပ်သပ်သာဖြစ်သည်။ မင်နှင့်အတူ ပိုင်ဆန်းကိုတွေ့ဖို့ဆိပ်ကမ်းကို ဝေလန်လိုက်မသွားတာကြောင့်
သခင်ငယ်လေးမှာ ဖားနှင့်ပိုင် ကြားရှိ စီးပွားရေးဆက်သွယ်ချက်များကိုဖြတ်ချပစ်လိုက်သည်။မိသားစုနှစ်စုကြားက ဆယ်စုနှစ်များစွာ တည်ရှိချမှတ်ထားတဲ့ စီးပွားရေးဆယ်သွယ်ချက်- ဝေလန့်အဘိုးမတိုင်ခင်ကတည်းက အကြာကြီးရှိခဲ့တဲ့အရာကိုလေ။ ပိုင်ဆန်းက အဲ့လောက်ကြီးထိ လုပ်လာသောကြောင့် ဝေလန်မှာ တစ်ချိန်တည်းမှာပင် ဒေါသထွက်၍ အံ့လည်းအံ့သြရလေသည်။ အဲ့ဒီလူက ပိုင်စီးပွားရေးမှာ ဖားဆိပ်ကမ်းရဲ့ တစ်နှစ်စာဝင်ငွေ သုံးပုံတစ်ပုံနီးပါး ရှိမှန်းသိသိကြီးနဲ့လေ။

ဝေလန်က ထိုစိတ်ညစ်စရာကောင်းသောလူနှင့် အကျိုးအကြောင်းဆွေးနွေးရန် သွားလိုခဲ့သော်လည်း
အဘိုးက ပိုင်မိသားစုလှေ မထွက်မချင်း သူ့ကိုဖားအိမ်တော်မှမထွက်ရဟု ပြင်းပြင်းထန်ထန် အမိန့်ချလေသည်။ အဘိုးမှာ စီးပွားရေးဆုတ်ယုတ်မှုအတွက် နည်းနည်းလေးမှစိုးရိမ်ပုံ မပြပေ။ အဲ့ဒီအစား သူက ဝေလန်အား အဲ့ဒီအလိုလိုက်ခံရ၍ပျက်စီးနေသော သခင်လေးနဲ့ မတွေ့ရဟု ပြတ်ပြတ်သားသားပြောသည်။

ပိုင်မိသားစုလှေထွက်သွားတာနဲ့တစ်ပြိုင်နက် သူကယွမ်ပေါ်ကို ချက်ချင်းခုန်တက်ကာ မင်နဲ့စကားပြောဖို့အတွက် ဆိပ်ကမ်းဆီချက်ချင်းသွားတော့သည်။ အံ့အားသင့်စရာကောင်းတာက ပိုင်ဆန်းကအဲ့ဒီနေရာမှာပဲရှိနေသေးတာပဲ။ သူက ဝေလန့်ကိုမြင်တာနဲ့ အောင်နိုင်သူလိုပြုံးလာသည်။ မင်ရဲ့ စိတ်ညစ်နေသောမျက်နှာအမူအရာကိုမြင်တာနဲ့ ပိုင်ဆန်းရဲ့ထောင်ချောက်ထဲကို သူ(မ) ကျသွားပီမှန်းဝေလန်
နားလည်လိုက်သည်။

"လန်လန် မင်းနောက်ဆုံးတော့ရောက်လာပီပဲ"

အမြဲတမ်းလိုပဲ ပိုင်ဆန်းက ကျက်သရေရှိသော အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူ့တွင် ယောက်ျားပီသချောမောသော မျက်နှာရှိသော်လည်း
ဝေလန်ကတော့ ထိုလူ့ရဲ့တည်ရှိမှုကိုပင် သည်းမခံနိုင်ပေ။ ယွမ်ပေါ်က ဝေလန်ဆင်းလာတော့ ပိုင်ဆန်းရဲ့မျက်နှာပေါ်က အပြုံးကပို၍ကြီးလာသည်။ သူ့ကိုမသိကျိုးကျွံပြုရင်းဖြင့်ပင် ဝေလန်ကယွမ့်ကိုမြင်းစောင်းဆီခေါ်သွားလိုက်သည်။ ယွမ့်ကိုနေရာချပေးပီးတာနှင့် အနီးအနားတွင်လာရပ်၍ စောင့်ကြည့်နေသော ပိုင်ဆန်းကိုမျက်နှာချင်းဆိုင်ရန် သူ(မ)လှည့်လိုက်သည်။ မင်ကလည်း အနီးမှာပင် စိုးရိမ်နေသောမျက်နှာထားဖြင့် ရှိနေလေသည်။

Fa Wei Lan၏ပြန်လည်မွေးဖွားခြင်း(Myanmar Translation)Where stories live. Discover now