အပိုင်း(၁၃) Zawgyi

377 10 0
                                    

အပိုင်း(၁၃) 

ထိုင်နေသောခုံက လက်တန်းနေရာကို တစ်တောက်တောက်ခေါက်ရင်း ဆောင်းဟာရူ တစ်ယောက်အတွေးနယ်ချဲ့မိသည်။  စားပွဲခုံပေါ်က ပြန့်ကျဲနေတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီးသူမ ဘာဆက်လုပ်ရမလဲ သူမ လက်ထပ်မဲ့အမျိုးသားနဲ့ အမြဲအတူပူးတွဲပြီးတွေ့နေရတဲ့ဂျွန်ဂျောင်ဂုနဲ့က ဘယ်လိုအခြေနေတွေလဲ....ပြခန်းကနေအတူတူထွက်လာတဲ့ပုံတွေ ၊ စားသောက်ဆိုင်မှာအတူတူထိုင်စားနေတဲ့ပုံတွေ တစ်ချို့ပုံတွေမှာ ထယ်ယောင်းက အဲ့ကောင်လေးလက်မောင်းကိုတွဲထားတာ ဒါဟာသူတို့ဆက်ဆံရေးက သာမာန်အဆင့်ထက်ပိုတယ်ဆိုတာသူမ ကောင်းကောင်းရိပ်မိပါသည်။

ဒါဆို ထယ်ယောင်းအမေကရော သိနေတာလား ခုထိအေးဆေးနေတယ်ဆိုကတည်းကသူ့သားအခြေနေတွေကို အန်တီမသိသေးဘူးထင်တယ် ... အေးဆေးတည်ငြိမ်တဲ့ထယ်ယောင်းပုံကို သူမပထမဆုံးတွေ့ခဲ့တဲ့နေ့ကတည်းက သဘောကျမိခဲ့တာ တစ်ချိန်ချိန်ကျရင်သေချာပေါက်လက်ထပ်ရမဲ့သူတွေမို့ သူမအနေနဲ့ခုကိစ္စတွေကိုခေါင်းထဲမထားပေမဲ့ ဂျွန်ဂျောင်ဂုဆိုတဲ့ကောင်လေးကိုတွေ့လိုက်ရင် အရှိန်အဝါတစ်ခုကိုအမြဲခံစားမိတယ် သူမရဲ့ပြိုင်ဘက်က အမျိုးသားတစ်ယောက်ဖြစ်နေတာလား...။

ဂျွန်ဂျောင်ဂုကို သူမတစ်နေရာရာမှာ သေချာပေါက်မြင်ဖူးတယ် ပထမအခေါက်ကတည်းက ဒီကောင်လေးကိုသူမ မြင်ဖူးတယ်လို့ခံစားနေခဲ့တာ ။ စိတ်ရှုပ်လာရတာမို့ သူမမျက်လုံးတွေကိုခေတ္တခန မှိတ်ချလိုက်သည်။ သိချင်လိုစိတ်ပြင်းပြတာနဲ့ မှတ်ဉာဏ်တစ်ချို့ကို သူမ အစဆွဲထုတ်နေမိသည် ဦးနှောက်ကိုအလုပ်ပေးလိုက်ရင်းသေချာစဉ်းစားမိတော့....

" ဂျွန်ဝစ်စတန် မြေး!! "

သူမ မှိတ်ထားတဲ့ မျက်လုံးတွေကို ဖျတ်ခနဲဖွင့်လိုက်ပြီး နာမည်တစ်ခုကို အံ့ဩတကြီးရေရွတ်မိလိုက်သည် ။ တုန်လှုပ်နေတဲ့သူမအတွေးကြောင့် အသက်ကိုခပ်ပြင်းပြင်းရှူရှိုက်နေရသည် ။ တစ်ဆက်တည်းဂျွန်ဂျောင်ဂုရဲ့မျက်နှာ ပြတ်သားလှတဲ့မျက်ဝန်း ဘာကိုမှဂရုမစိုက်တဲ့ ဒီမျက်ဝန်းတွေကိုသူမ သေချာပေါက်မြင်ဖူးနေခဲ့တာ...။

" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]Where stories live. Discover now