အပိုင်း(၂၁) Uni

1.3K 119 6
                                    

အပိုင်း(၂၁)

" ဒါဆို မင်းကဆက်ခံသူဆိုတာကို ကြေညာတော့မှာပေါ့ "

" ဟုတ်တယ် ဟန်နီငယ်၊ ကျွန်တော်ဘယ်သူလဲဆိုတာကို သိနေကြတာမို့ ဆက်ခံသူနေရာကျွန်တော့်ကိုကြေညာမှရတော့မယ်"

နှစ်လအတွင်းမှာ သူရယ်ဂျောင်ဂုရယ် အကုန်လုံးရဲ့မျက်စိရှေ့ကနေပျောက်နေရတာ၊ အထူးသဖြင့် သူ့ကိုဂျောင်ဂုရည်းစားဆိုပြီး သိကြကတည်းက ပြခန်းရှေ့မှာသတင်းထောက်တွေ အများကြီးရောက်လာတာမို့ ပြခန်းတောင်သွားမရတဲ့အခြေနေ...ဒါကိုဂျောင်ဂုတို့ဘက်က ထိန်းပေးထားတာမို့ ခံသာနေတာ သတင်းစာရှင်းလင်းပွဲကို သူ့ဘက်ကဘာမှအကြောင်းမပြန်ပေမဲ့ ဂျောင်ဂုတို့ဘက်ကတော့ လုပ်ရမယ်ထင်တယ်။

" ဒါပေမဲ့ မင်းကငယ်သေးတယ်လို့ ငါထင်တယ်ဂျောင်ဂု၊ ၁၉နှစ်ဆိုတဲ့မင်းအရွယ်က ငယ်သေးတယ်။ ဆက်ခံသူတစ်ယောက်ဖြစ်လာရင် တအားပင်ပန်းရတာတဲ့ မင်းရဲ့လက်ထဲနိုင်ငံရဲ့တာဝန်တွေရလာတာမို့ ငယ်ရွယ်သေးတဲ့မင်းကို မပင်ပန်းစေချင်တာတော့အမှန်ပဲ "

" ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ ဟန်နီငယ်၊ ဒါကတစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့လာရမှာပဲ "

" ငါ့ကြောင့်မလားဟင် အခုလို မင်းကို စောပြီးပင်ပန်းစေမိတာ ငါ့ကြောင့်မလားဟင် ဂျောင်ဂု "

ဟုတ်တယ် အဲ့နေ့က ဂျောင်ဂုသာ ဒူးမထောက်ခဲ့ရင် ဒီလိုမျိုးတွေလည်း ကြုံတွေ့လာရမှာမဟုတ်ဘူး။တားမရတဲ့ဂျောင်ဂုကို နောက်ဆုံး ဂျွန်အက်စတာတို့ဘက်ကလူတွေ ရောက်လာပြီး လာခေါ်သွားတာတွေကြောင့်အခြေနေတွေက ပိုရှုပ်ကုန်တာ အကုန်လုံးရဲ့ပြဿနာက သူပါပဲ။

" မဟုတ်တာ ဟန်နီငယ် မင်းကြောင့်မဟုတ်ပါဘူး၊ ကျွန်တော့်ကိုကြည့်ဟန်နီငယ် "

ဂျောင်ဂု ထယ်ယောင်းမျက်နှာကို ဖွဖွလေးကိုင်ကာ သူ့ဘက်ကိုမျက်နှာမူစေပြီး

" ကျွန်တော်စိတ်ပူတာတစ်ခုပဲ ဟန်နီငယ်၊ ‌ကျွန်တော် ရှေ့ထွက်လိုက်ပြီဆိုတာနဲ့ လုပ်ရမဲ့တာဝန်တွေကရှိတယ် အဲ့ချိန်ကြရင် မင်းအတွက်ကျွန်တော်သိပ်အချိန်ပေးနိုင်မှာ မဟုတ်သေးဘူး။ နောက်ပြီး ဟန်နီငယ့် မေမေက ကျွန်တော့်ကိုလက်မခံရင်.."

" 𝐒𝐭𝐫𝐚𝐰𝐛𝐞𝐫𝐫𝐲 𝐊𝐢𝐬𝐬𝐞𝐬 "[Completed]Where stories live. Discover now