အချပ်ပို (၁၄)

9.1K 782 60
                                    

{Unicode}

အပိုင်းသုံး - မွေးနေ့ ()

အမြဲတမ်းလိုလို တည်ငြိမ်နေလေ့ရှိသည့် သွမ့်မင်ယန်၏ အမူအရာသည် အနည်းငယ် ယိုယွင်းသွားလေပြီး

" မင်း ဘယ်လို ... "

" ငါ 'ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ' လို့လား "

လီလော့က ဆက်ပြောပေးလိုက်သည်။

" လျှောက်တွေးမနေနဲ့၊ ငါ တကယ် မားဆီ သွားလိုက်သေးတယ်၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူဘဲ နားလည်မှု ကွဲလွဲခဲ့တဲ့ ကိစ္စတွေ၊ ပြီးခဲ့တဲ့ နှစ်တွေထဲ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ ပြောဆိုဆွေးနွေးခဲ့ကြတာ၊ စကားတွေ အများကြီးပြောပြီးသွားတဲ့အခါ သူ့ကို ငါတို့ မင်္ဂလာပွဲလာခဲ့ပေးဖို့ ပြောခဲ့တယ် "

" ငါတို့ မင်္ဂလာပွဲ ? "

" အင်းလေ၊ မင်း ငါ့ကို ကတိပေးထားတယ် မဟုတ်ဘူးလား "

လီလော့သည် သွမ့်မင်ယန်ဆီ လျှောက်သွားလိုက်ပြီး

" ငါ ပြန်ရောက်တဲ့အခါကျ ငါ့ အဖေဆီ မင်း ခွင့်တောင်းမယ် ပြောထားတယ်လေ၊ သူ့ဆီက သဘောတူညီမှု ရတာနဲ့ ငါတို့တွေ ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ရပြီ "

သွမ့်မင်ယန်သည် အံ့အားသင့်ရမှုကြောင့် လှုပ်ရှားလို့လာပြီး

" ဒါဆို မင်းဘာသာ လေယာဥ်နဲ့ ပြန်လာပြီး ကိုယ့်ကို ခုချိန်ထိ ဖုံးကွယ်ထားတာပေါ့ "

" အင်းပေါ့၊ အဲ့လိုမှ မဟုတ်ရင် စပရိုက် ဘယ်ဖြစ်ပါတော့မလဲ၊ ကျင်းရန်ကိုလည်း တမင်သက်သက် မပြောခိုင်းတာ၊ အဲ့လိုဆိုလို့ သူ့ကို မင်းအပေါ် သစ္စာဖောက်တယ်ဆိုပြီး သွားအပြစ်တင်မနေနဲ့၊ မင်းနဲ့ငါ့စကားဆို ငါ ပြောတာကို ဦးစားပေး နားထောင်ရမယ်ဆိုပြီး သူ့ကို မှာထားတယ်မလား "

" သူက တကယ်ကြီး အကုန်ပြောပြတယ်ပေါ့ "

သွမ့်မင်ယန်မှာ ဘာမှ မတတ်နိုင်လေဟန်ဖြင့်

" ကြည့်ရတာ အဲ့စကားကို ပြန်ရုတ်သိမ်းတော့မှ ရတော့မယ် ထင်တယ်၊ အဲ့လိုမှ မဟုတ်ရင် ကိုယ့်ကို ဖုံးကွယ်ထားကြတော့မှာ "

နံနက်မိုးသောက် အလင်းရောက်သောအခါဝယ် {မိခင်ဘာသာသို့ ပြန်ဆို}Место, где живут истории. Откройте их для себя