Chapter.2

1.2K 115 31
                                    

Calvin Shen Six Oo (ကယ်ဗင်သျှန်စစ်ဦး)

သူ၏ ပြိုင်ဘက်အဖွဲ့ဖြစ်သည့် Joseph တ်ို့အဖွဲ့ သည် လက်နက် တင်သွင်းရန် ကယ်ဗင့် ဘက်မှ အခြေအနေအသာရသွားသည့် အခါ ညစ်တွန်း၍ ထိုကွန်တ်ိန်နာအား ကြားဖြတ် လုယူကာ အလစ်တိုက်ခိုက်ခံခဲ့ရသည်။

Joseph သည် တရုတ်လူမျိုးဖြစ်ပြီး အမှောင်လောကတွင်တော့ အမြဲတမ်း ကယ်ဗင် တ်ို့နှင့် ဦးရာ လူစားကြေးစနစ်နှင့် ပြိုင်ဘက်အဖြစ် ဆက်ဆံနေရခြင်း။ကယ်ဗင့်တွင် လုပ်ငန်း Group ပေါင်းများစွာရှိသည့်အနက် Royal Groupနှင့်လဲ လုပ်ငန်းမိတ်ဖက်အဖြစ် အဆက်အဆံလုပ်နေရသည်။

ထိုနေ့က ဆိပ်ကမ်းတွင် သူကိုယ်တိုင် ပစ္စည်းစစ်ရင်း ရုတ်တရက်တိုက်ခိုက်ခံခဲ့ရခြင်း။ မိုးစက်တို့လဲ သူ့ကိုကာကွယ်ရင်း
ပြန်လည်ပစ်ခတ်ရင်းက လူစုကွဲသွားခဲ့သည်။ သူ့တွင် ပါသည့် သေနတ်သည် ကျည်ကုန်သွားသဖြင့် ပြန်လည်ခုခံခြင်း မပြုနိုင်ဘဲ ရှောင်တိန်းရင်းကပင် လက်မောင်းကို သေနတ် ရှပ်ထိသွားခဲ့သည်။

ဒဏ်ရာကို မမှုသော်လည်း လက်နက်မပါသည်ကြောင့် လုံခြုံ၍ အမှောင်ကျသောနေရာအရောက် သူ ပစ်ဝင်လိုက်တော့ လူငယ်တစ်ယောက် ငုတ်တုပ်ထိုင်နေသည်ကို တွေ့လိုက်ရပေမယ့် ငချွတ် တစ်ယောက်ဖြစ်နေသည်မို့ သူလဲ စိတ်တ်ိုတိုနှင့် ဝင်ထိုင်ကာ ဆေးလိပ်ထုတ်သောက်လိုက်သည်။

ကယ်ဗင်သျှန်စစ်ဦး က စည်းထားသည်။ မာဖီးယားပေမယ့် အပြစ်မဲ့ပြည်သူတွေကို ဘယ်တော့မှ သူကိုယ်တိုင် ထိခိုက်ဒဏ်ရာရအောင် မလုပ်တတ်ပါ။

Joseph ကို ဒေါသထွက်၍ ဘယ်လိုပြန်လက်စားချေရန်ကောင်းမလဲ တွေးပြီး ဆေးလိပ်အငွေ့တွေ မှုတ်ထုတ်ချိန် ဘေးက လူက ဆေးလိပ်မသောက်ရန်ပြောလာသည်။

ကယ်ဗင်သျှန်စစ်ဦးရဲ့ ဘဝမှာ ဘယ်သူ့စကားမှ နားထောင်ရိုး ထုံးစံမရှိ။ ဘေးက ကလေးနိို့နံ့သင်းနေတဲ့ လူကိုလဲ မရှ်ိသူလိုပင် လျစ်လျူရှူထားသော်လည်း သွေးထွက်လွန်ကာ မူးလာ၏။ ထိုအချိန် ထိုလူက ဒဏ်ရာကို ထိကိုင်ရန် လုပ်လာသည်ကြောင့် လက်ကိုရိုက်ထုတ်ပစ်လိုက်ပြီး နံရံကို မှီထိုင်၍ မျက်လုံးစုံမှိတ်ထားမိသည်။ထို့နောက် လွတ်ထွက်သွားသော အာရုံကြောင့် သူလဲ သတ်ိလစ်သွားရ၏။

Mafia's In LoveWhere stories live. Discover now