Chapter.3

978 132 29
                                    

လူကုံထံ ခရိုနီတို့ စုဝေးရာ ပါတီကို မြတ်တစ်ယောက် ဖေဖေနှင့်လိုက်လာရခြင်း။ဖေဖေက မြတ်ကို Royal Group ၏ အမွေဆက်ခံသူအဖြစ် ပွဲထုတ်ချင်လှသော်လည်း မြတ်တကယ်စိတ်မဝင်စားပါ။

စီးပွားရေးလဲ မလုပ်ချင်သလို ဒီလိုပွဲတွေလဲ မတက်ချင်။လူငယ်ပီပီ ကဲရတဲ့ ပါတီမျိုးဆိုရင်တော့ မြတ်ဟန်သာနွယ် ကွေးနေအောင် ကပြီးကို သွားပါမည်။

မေမေဆင်ပေးထားတဲ့ အဝါနုရောင် Suit ဖြင့် စိတ်အိုက်လျက်ရှိသည်။မြတ်က အမြဲတမ်း ပေါ့ပေါးပါးပါးဝတ်တတ်သူမို့ ဒီလိုတွေဝတ်ဆင်ရပါက စိတ်အိုက်၍ ပင်ပန်းလှသည်။

ဖေဖေက သူ့မိတ်ဆွေ အချို့နှင့် မိတ်ဆက်ပေးပြီး သည်နှင့် မြတ် ဘူဖေးခင်း‌ကျွေးသည့် နေရာသို့ သွားကာ စိတ်ကြိုက် ထည့်ယူစား‌ သောက်တော့သည်။ဒီပွဲကို တက်ရတာမကြိုက်ပေမယ့် ဘူဖေး စားရတာကိုတော့ ကြိုက်ပါသည်။

"လာပြီ သူလာပြီ ဇူးဇူး နင့်ညာဘက်ဝင်‌ ပေါက်ဘက်ကို ဖြေးဖြေးလှည့် ကြည့်လိုက် ။အဲတာ ငွေမဲရော ငွေဖြူရော မရေမတွက်နိုင်အောင် ချမ်းသာပြီး  နိုင်ငံခြားမှာပါ ထိပ်တန်းစာရင်းဝင်တဲ့  ခရိုနီ‌ မာဖီးယား ဆိုတာလေ။"

"ဟဲ့ သေပါပြီဟယ်။အရပ်ကြီးက ၆ပေတောင်ကျော်မလားပဲ။ကိုယ်လုံးကြီးကလဲ တကယ်မိုက်တာပဲ။အရမ်းကြီးနေတာလဲမဟုတ်ဘဲ ကျစ်လစ်နေတာပဲနော်။ Longcoat ကြီး နဲ့လိုက်လိုက်တာဟယ်။သူ့နောက်မှာလဲ သူ့ဘော်ဒီဂတ်တွေထင်တယ် အများကြီးပဲဟ"

"ဇူးရယ်။သူကလေ ချမ်းသာတာမှ ပက်ပက်စက်စက်ဟယ်။ငါတို့ဆီက နံပတ်ချိတ်တဲ့ သူဌေးတွေချမ်းသာတာ သူကသနားတာပေါ့။သူက ဒီမှာ နံပတ်မချိတ်ပေမယ့် သိတယ်မလားဟယ် မာဖီးယားဆိုတော့ ဝင်ငွေကို မှန်းဆကြည့်လို့တောင်မရဘူး"

"မာဖီးယားမက ဘာနေနေ ငါတော့ ရရင်ယူမှာ ဟိဟိ"

"နင့်ကိုကြိုက်ပါစေဦး ။ သူ့ဘေးမှာပါတဲ့ စော်ကိုတွေ့လား ။အဲတာ သူပွဲတက်တိုင်းပါတယ်။သူ့စော်ထင်တာပဲ"

"ဟဲ့ စော်ဆိုရင် လက်လေး ဘာလေးကိုင်မှာပေါ့။အခုက အဝေးကြီး"

"ဘာနေနေ နင်တို့ငါတို့ကိုတော့ လာကြိုက်မယ့်ရုပ်မဟုတ်ဘူး ဟားဟား"

Mafia's In LoveWhere stories live. Discover now