အပိုင်း ( ၁ )

413 16 4
                                    

အညာဒေသလေးရဲ့
ဒီနေရာ
ဒီအိမ်လေးရှေ့မှာ
ရွေးချယ်ခဲ့ရတဲ့
လမ်းဆုံတွေကြောင့်
ကျွန်တော်တို့
မဆုံစည်းနိုင်ခဲ့တာလား
ဒါမှမဟုတ်
ကိုယ်စီ
သတ္တိမရှိခဲ့ကြတာလား ။

( ၁ )

ရန်ကုန်မိုးနဲ့အသားကျနေခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဒီအညာမြို့လေးရဲ့ မိုးဥတုကို သိပ်ပြီး အထင်မကြီးခဲ့လို့ထင်ပါရဲ့ ရောက်ပြီးနောက်တစ်ရက်မှာပဲ အပြင်းဖျားပေတော့သည်

ကံကောင်းသည်မှာ ကိုယ့်မိဘအိမ်ကိုယ်ပြန်ရောက်နေပြီဖြစ်တော့ ရန်ကုန်တုန်းကလို ယိုင်နဲ့ပြီး တစ်ယောက်ထဲ ဆေးခန်းသွားပြရတဲ့အခြေအနေ မဟုတ်တော့ ၊ ဆေးခန်းပို့ပေးမယ့်သူတွေရှိသည်

အမေမောင်းတဲ့ဆိုင်ကယ်နောက် အတူမစီးရတာပင်
၃ နှစ်လောက်ရှိသွားပြီ တိုးတက်ပြောင်းလဲနေတဲ့ မြို့ငယ်လေးကို ငေးနေရင်းမှာကို ကျွန်တော့်အတွေးထဲ အတိတ်တွေက တစ တစ တိုးဝင်လာသည်

ဆရာနဲ့အတူရှိခဲ့ဖူးတဲ့အမှတ်တရတွေက နေရာတိုင်းမှာ လက်ညိုးထိုးမလွဲနိုင် ၊ မီးပွိုင့်အကျော်က ဝက်သားတုတ်ထိုးဆိုင် မြီးရှည်ဆိုင် ထမင်းဆိုင်တွေကနေ လမ်းအကွေ့က ကြံရည်ဆိုင် လမ်းထဲက ဆေးခန်းအထိ ဆရာ့အငွေ့အသက်တွေ ရှိနေသေးသည်

ဆေးခန်းလာပြတဲ့သူသိပ်မရှိသေးတဲ့အချိန် အမေရဲ့ ဦးဆောင်မှုနဲ့ အထဲက ထိုင်ခုံမှာ နေရာယူလိုက်ကြသည် သိပ်မကြာလိုက်ပါ အသက် ၅၀ ကျော်ဝန်းကျင် ဆရာဝန်အဒေါ်ကြီးရောက်လာပြီး စကားစလာသည်

" ဘာဖြစ်လို့လဲ မီမီ "

ရင်းနှီးတဲ့သူတော်တော်များများက အမေ့ရဲ့ အိမ်နာမည် မီမီ ကိုသာခေါ်တတ်ကြသည်

" အခုက ဇေယျာလင်း ဖျားလို့ "

" ဟယ် ဒါ ငါတို့ဇေဇေလား "

ကလေးကတည်းက ချူချာတတ်တဲ့ ကျွန်တော်ကအမြဲတမ်း နေမကောင်းဖြစ်ပြီဆိုတာနဲ့ ပြေးလာရတဲ့ဆေးခန်းမလို့ အကုန်လုံးနဲ့ တော်တော်ရင်းနှီးသည်

နောက်ဆုံးတွေ့ခဲ့တုန်းက ကျွန်တော်က ၁၆ နှစ်ကလေးမို့ ၁၉ နှစ်အရွယ် ပေါက်စက သူတို့အတွက် အံ့သြစရာဖြစ်နေပုံရသည်

တစ်ကိုယ်ရည်လွမ်းဆွတ်မှုWhere stories live. Discover now