အပိုင်း ( ၃ )

80 8 0
                                    

ကိုယ့်ခြေလှမ်းတွေ
မင်းအမြဲလိုက်နေတယ်
ကိုယ့်မျက်လုံးမှာ
မင်းရဲ့အကြည့်တွေပဲ
နေ့တွေညတွေ
အကုန်သိမ်းပိုက်မယ့်သူ
ဘဝတစ်ခုလုံးမှာ
မင်းပဲ ကိုယ့်သခင်ဖြစ်မယ်

( ၃ )

ဆရာနဲ့ကျွန်တော် တွေ့ဆုံခဲ့ပုံက ရိုးရှင်းခဲ့ပေမယ့် တွယ်တာသွားတဲ့ သံယောဇဥ်တွေအတွက်ကတော့အခုထက်ထိ ဖြေရှင်းချက်မရှိနိုင်သေးပါ

မှတ်မှတ်ရရကတော့ January လအလယ်လောက်မှာ ပထမဆုံးတွေ့ဆုံခဲ့တာဖြစ်မည်

အနုပညာဆိုတာဝေး ပုံမှန်တေးသီချင်းတွေနဲ့တောင် ကောင်းကောင်းထိတွေ့မှုမရှိသေးတဲ့ ကလေးတစ်ယောက် ၊ သူငယ်ချင်းရဲ့ဦးဆောင်မှုနဲ့ တက်ဖြစ်ခဲ့တဲ့ ဂစ်တာသင်တန်း...

ဂီတကိုစိတ်မဝင်စားတဲ့ ကျွန်တော်က ဂီတကိုကိုးကွယ်ထားတဲ့ လူတစ်ယောက်ရဲ့ စိတ်မရှည်စရာဖြစ်ခဲ့ဖူးသည်

အကျင့်စရိုက်မတူညီတဲ့သူနှစ်ယောက် ၊ အသက်အရွယ်ကွာလွန်းတဲ့ သူနှစ်ယောက် ၊ ယုံကြည်ချက်တွေမတူညီတဲ့ သူနှစ်ယောက် ရင်းနှီးဖို့ရာ အခြားသင်တန်းသားများထက် ပိုပြီးအချိန်လိုအပ်ခဲ့ရသည်

ရင်းနှီးဖို့တောင်ခက်ခဲတဲ့သူနှစ်ယောက် ဘယ်လိုများ စည်းတွေကျော်မိခဲ့ကြသလဲဆိုတာ အခုထက်ထိ ကာယကံရှင် နှစ်ယောက်လုံးမှာပင် အဖြေမရှိသေးပါ

သိသိသာသာရင်းနှီးလာခဲ့သည်မှာတော့ May လဆန်းပိုင်းက ဆရာ့ရဲ့အမေဆုံးပါးမှုနောက်ပိုင်းဖြစ်ပေမည်

ဆုံးပါးပြီးပြီးချင်းမှစပြီး နောက်ဆုံး နာရေးချသည်အထိ ကူညီဆောင်ရွက်ပေးခဲ့ရတဲ့နေ့

နာရေးချတဲ့အချိန် ပထမဆုံးမြင်တွေ့ခဲ့ရတဲ့ ဆရာ့ရဲ့ မျက်ရည်တွေက မကြာခဏ ကျွန်တော့်ရဲ့ အိမ်မက်ဆိုးအနေနဲ့ နေရာယူထားဆဲ

ဆရာတို့ညီအကို ၂ ယောက်လုံးက သူတို့အမေကိုတော့ အရမ်းချစ်ကြသည် အထူးသဖြင့် ဆရာကတော့ အချစ်ဆုံးဖြစ်ပေမည်

ဆရာ့ညီမှာ အဖေဖြစ်သူနဲ့ရင်းနှီးသလောက် ဆရာကတော့ အဖေထပ် အမေကိုသာပိုခင်တွယ်တဲ့သူ

တစ်ကိုယ်ရည်လွမ်းဆွတ်မှုWhere stories live. Discover now