အပိုင်း ( ၂ )

122 11 0
                                    

လွမ်းနေခဲ့ပါတယ်
ဆိုတဲ့
စကားကိုရော
ကျွန်တော်
ဘယ်လို
ကွယ်ဝှက်ပြောရမလဲ

( ၂ )

မနက်ခင်းအစောကတည်းက အညာမိုးမှာ တဖွဲဖွဲရွာသွန်းလျက်ရှိသည်

စိုစွတ်နေတဲ့အိမ်ရှေ့လမ်းမကိုကြည့်ရင်း တွေးငေးနေတာမို့ ကျွန်တော့်ဘေးကိုရောက်လာတဲ့ အမေ့ကိုတော့ သတိမထားမိလိုက်ပါ

" မင်းဆရာဆီသွားမလို့ဆို... မသွားသေးဘူးလား "

ဆရာဆိုတဲ့နာမည်ကြားတာနဲ့ မှိုင်ကျသွားတတ်တဲ့
ကျွန်တော့်ပုံစံကို အမေတို့လည်းအနည်းနဲ့အများတော့ သတိထားမိမယ်ထင်ပါရဲ့

ကျွန်တော်တို့ကြားကပတ်သတ်မှုကို မသိရင်တောင် ကျွန်တော့်တစ်ကိုယ်ရည်ခံစားချက်တွေကတော့ သိသာနေတာမလို့ တော်တော်များများလည်း ရိပ်မိကြသည်

မရိပ်မိချင်မှအဆုံး ဆရာနဲ့ပတ်သတ်လာရင် ကျွန်တော်က မရင့်ကျက်တဲ့ ကလေးဖြစ်ခဲ့ဖူးသည်
ဆရာနဲ့တွေ့ရဖို့ သင်တန်းကို မရမက လိမ်ပြီးသွားခဲ့ဖူးသည်

ဆရာနာမည်ကြားရင် ဆရာနဲ့ပတ်သတ်တာများပြောရရင် တပ်မက်ရာမြင်တဲ့ ကလေးတစ်ယောက်လို တလက်လက်တောက်ပသွားခဲ့ဖူးတဲ့ မျက်ဝန်းတွေ ၊ ဆရာရဲ့ဝမ်းနည်းစရာ ပျော်စရာတွေကို ကူးစက်ခံစားဖူးတဲ့ မျက်ဝန်းတွေ ၊ ဆရာရဲ့ကျောပြင်တွေ မျက်ဝန်းတွေ အပြုံးတွေကို ငေးမောဖူးတဲ့ မျက်ဝန်းတွေက မရင့်ကျက်ခဲ့တော့ မြင်သမျှသူ ရိပ်မိနိုင်တဲ့ အချိန်တွေဖြစ်ခဲ့သည် ။

" အခုပဲသွားတော့မလို့... "

အတတ်နိုင်ဆုံး သတ္တိတွေမွေးပြီး ထီးက တစ်ဖက် လက်ဆောင်ပေးဖို့တစ်ဖက် ကိုင်ဆွဲရင်း အိမ်ရှေ့လမ်းမကြီးပေါ် ဖြတ်လျှောက်လိုက်သည်

တခဏလောက် ဆက်သွားပြီး ဘယ်ဘက်အကွေ့တွင် လူနေအိမ်သီးသန့် လမ်းကြားငယ်လေးတစ်ခုရှိသည် ထိုကနေတဆင့် ဆက်သွားပြီး ညာဘက်ကွေ့လိုက်ရင်ပင် စျေးရောက်သွားလေပြီ

တစ်ကိုယ်ရည်လွမ်းဆွတ်မှုWhere stories live. Discover now