1

466 31 0
                                    














ရာသီဥတုကဒီကနေ့အတော်သာယာပါ၏။
တိမ်ကင်းစင်ပြီး နေလည်းအတော်လေးသာနေတာကြောင့် လျှော်ပြီးသားအဝတ်တွေကိုလှမ်းဖို့ သူအိမ်ရှေ့ထွက်လာလိုက်သည်။

အိမ်ရဲ့ဆည်းလည်းလေးက သူ့ဦးလေးနဲ့ပါသွားတာမို့ ဟီဆွန်းတစ်ယောက်တည်း ပျင်းခြောက်ခြောက်နှင့်။

အဝတ်တွေလှမ်းလို့တစ်ဝက်ကျိုးချိန်မှာတော့ သူ့ကလေးလေးနှစ်ယောက်က အိမ်ကိုပြန်ရောက်လာကြပြီ။

"အူးဝါး ပြန်လာကြပြီ အသည်း‌တုံးတွေ ပျော်ခဲ့တယ်လားအပြင်မှာ"

"ဘယ်ကသာပျော်ရမှာလဲ ကိုကြီးရယ်။
မွေးနေ့စပါပြီဆိုကတည်းက တအီအီနဲ့ ဂျီကျနေတာ အခုပြန်လာတဲ့လမ်းရောက်မှ ငြိမ်တယ်"

"ဟော ပါးကလေးလေးက ဘယ်လိုဖြစ်လို့ လေးလေးကို ဂျီကျလာတာတုန်းကွ ဟေ"

ဖိနပ်ချွတ်နေတဲ့ ဆောနူရဲ့လက်ထဲက သူ့အသည်းအသက်ကိုလှမ်းချီရင်း မေးတော့ အူလည်လည်ရုပ်လေးနဲ့ကြည့်လာသည်။

"နောက်တစ်ခါမင်းကို ဘယ်မှခေါ်မသွားတော့ဘူး "

ချီထားတဲ့ဟီဆွန်းရင်ဘတ်နားကို ခေါင်းငုံ့ကာ ဆူသလိုပြောတော့ လက်ပေါ်ကကိုယ်တော်လေးက ဆူးခနဲနေအောင်ထအော်ပြီးငိုတော့တယ်။

"အာ မငိုရဘူးလေ ဘဲပေါက်ရဲ့ ပါးပါးခေါ်မှာပေါ့ လေးလေးမခေါ်လည်း မငိုရဘူး"

ကျောပြင်လေးကို ပုတ်ပြီး ပါးဖောင်းကြီးကို ခပ်ဖွဖွလေးနမ်းလိုက်တော့ ရှိုက်သံလေးပဲထွက်လာပြီး ဆက်မငိုတော့။

"အမလေး တယ်လည်း အဖေချစ်တဲ့သားပါလား အီရီခီ
တစ်ခွန်းတည်းနဲ့ကိုတိတ်တာနော်
ဟိုမှာငါချော့တုန်းကကျ လူမိုက်ရုပ်နဲ့ပြန်ကြည့်နေပြီး"

ဆောနူက အထုတ်ထဲက ကိတ်မုန့်ဘူးလေးကို ရေခဲသေတ္တာထဲ သွားထည့်ပြီး ပြန်လာပြောတော့ ဟီဆွန်းမှာ ရယ်ရုံသာတတ်နိုင်သည်။

" အင်္ကျီသွားလဲလေနူနူး ကိုကြီး သားသားကို ခြေလက်ဆေး‌ပေးလိုက်အုံးမယ် ပြီးမှထမင်းစားကြမယ်"

"သားနဲ့ပါဆို ကိုလူပျို"Where stories live. Discover now