စနေနေ့ရဲ့ မနက်ခင်းတစ်ခုတွင်ဖြစ်သည်။
မနက်စောစော ဟီဆွန်းတို့အိမ်ကို ဧည့်သည်တွေရောက်ချလာကြသည်။
"မလာတာကြာတော့ ကိုကြီးတောင်ဟိုနေ့က နူနူးကိုပြောဖြစ်လိုက်သေးတယ်ကွ ဂျေးဂျေးတို့မအားဘူးလားဆိုပြီး"
"ဟုတ်တယ်ကိုကြီးရ ဒီရက်တွေမအားဘူး
ပြီးတော့ရည်းစားလေးကိုလည်း အချိန်ပေးနေရသေးတယ်လေ""အော် အေးပါကွာ မင်းတို့ခေတ်ပဲဟာ လုပ်ကြပေါ့"
သူ့ထက်အငယ်တွေအကုန်ရည်းစားကိုယ်စီနဲ့ဖြစ်နေတာကြောင့် ရွဲ့သလိုပြောလိုက်မိသည်။
ဆောနူးလေးနဲ့ဂျောင်ဝန်းလေးက မနက်စာဝယ်ဖို့ထွက်သွားကြတာမို့ သူနဲ့ဂျုံဆောင်းက စကားထိုင်ပြောနေကြတာဖြစ်သည်။
"ဒါနဲ့ ကလေးရော ရီခီလေး"
"အိပ်နေတယ်လေ မနိုးသေးဘူး မနေ့ညကအတော်နဲ့မအိပ်ဘူးလေ အခုကျမနိုးတော့ဘူးပေါ့"
"သူ'မအိပ်တော့ ကိုကြီးပါအိပ်ရေးပျက်တာပေါ့"
"အေးပေါ့ ညကငါ့မှာအိပ်ချင်တာနဲ့ သူကဂျီကျနေတာနဲ့ ထိုင်တောင်ငိုချင်တယ်။"
ထိုင်ငိုချင်တယ်လို့ပြောနေတဲ့ ဟီဆွန်းရဲ့မျက်နှာက ပြုံးယောင်သန်းနေတာတော့ ဂျုံဆောင်းမပြောမိလိုက်ပါချေ။သားကိုအရမ်းချစ်တဲ့အဖေပဲမလား ဒီလောက်တော့ရှိမပေါ့လေ။
ထိုအချိန်မှာပဲ.....
"အင့်ဟင့်!! ဝါးးးးးး ဗြဲ......ဗြဲ!!"
"ဟာ နိုးလာပြီထင်တယ် အာခေါင်ခြစ်ငိုနေပြီ"
ပြောပြောဆိုဆိုနဲ့ထထွက်သွားတဲ့ ဟီဆွန်းနောက်ကို ဂျုံဆောင်းအသာလေးကပ်လိုက်သွားလိုက်သည်။
အခန်းထဲကပုခက်ထဲကနေ ထွက်နေတဲ့အသံစူးစူးလေးက အဖေဖြစ်သူကို တွေ့လိုက်တာနဲ့ ပျောက်တာပဲ။
"ဟော ပါးအသည်းတုံး နိုးလာပြီ။လာပါအုံးပါးဆီ။
အာရီးဂူး ကြည့်ပါအုံးကွာ မျက်ရည်တွေနဲ့ အာပေတူးလေးပဲ"ပုခက်ထဲကသားသားကို ကောက်ချီလိုက်ကာ ပါးစပ်ကတီတီတာတာပြောရင်း မျက်နှာသစ်သန့်စင်ပေးဖို့လုပ်ရသည်။