3

268 27 8
                                    

သာမန်နေ့တစ်နေ့၏ မနက်ခင်းတစ်ခုပင်ဖြစ်သည်။

သာမန်ဆိုသော်ညား သူတို့မြို့ကလေး၌ သည်လိုအချိန်ဆို ကျောင်းသွားသည့်သူကသွား၊အလုပ်သွားသည့်သူကသွား၊ဈေးသွားသည့်သူကသွားနှင့် ပျာပန်းခတ်လှုပ်ရှားအသက်ဝင်နေပေသည်။

ဆောနူကလည်း အလုပ်သွားပြိမို့ အိမ်ထဲမယ် သားအဖနှစ်ယောက်တည်းပျင်းခြောက်စွာ ။

"သားသားရေ~~"

"ဟွန်...."

"အာ လာပါအုံးကွာ ပါးဆီကို"

ဆိုဖာပေါ်ပျင်းတွဲတွဲမှီရင်း လှမ်းခေါ်တာကို ဆော့လက်စအရုပ်အား ချကာ သူ့ဆီယိုင်တိုင်တိုင်လျှောက်လာတဲ့ သူ့ကလေးလေးအား ဟီဆွန်း ဆီးကာပွေ့ထားလိုက်မိသည်။

"အူကြူးလေး ပါးကိုခေါ်ပါအုံး ပါပါးဆိုပြီး"

တစ်ကယ်ဆို လမ်းတောင် 'စမ်း'လျှောက်နေပြီကို ဒီလို တစ်ခွန်းစနှစ်ခွန်းစပြောတတ်သင့်နေပြီဖြစ်တယ်ဆို‌ပေမဲ့ သားသားက အသံသေးသေးလေးတွေကလွဲ မပြောသေးပေ။

"ပြူးကြည့်မနေနဲ့ စကားပြောတော့ဟ။
မင်းအသံသေးသေးလေးတွေကြားချင်လှပြီ"

"......"

ဟီဆွန်းပြောတာကို မသိချင်ယောင်ဆောင်ကာ အင်္ကျီကကြယ်သီးတွေကို လှမ်းဆော့နေသည်။

"ခေါ်ပါ အသည်းရဲ့ ပါးလို့ ။
ခေါ်ကြည့် ပါပါး~~"

"ပါး!"

ခပ်စောင့်စောင့်ထွက်လာတဲ့ တစ်ခွန်းတည်းသော အသံလေးကြောင့် ဟီဆွန်းမှာကြောင်ခနဲ။

ဆတ်ခနဲ ကုန်ရုန်းထပြီး ပြန်ခေါ်ခိုင်းမိတော့။

"အသည်း ခေါ်ပါအုံး ပြန်ခေါ်ပါအုံး ပါးလို့"

"ပါး~~"

သားသားရဲ့ခေါ်သံဟာ ဟီဆွန်းနားထဲမှာတော့  တစ်ကယ်ရှားတဲ့ ကျောက်စစ်ရေလေးလိုပဲ။

အေးမြလွန်းလှကာ စိတ်ချမ်းမြေ့ဖွယ်။

"ချစ်လိုက်တာ သားသားရယ်။ပါးချစ်လိုက်တာ"

ပေါင်ပေါ်တင်ထားတာကို ပွေ့ကာ သိမ်းဖက်ရင်းဆိုတော့ မကြိုက်သလို လက်နဲ့တွန်းထုတ်တယ်။

"သားနဲ့ပါဆို ကိုလူပျို"Where stories live. Discover now