1

223 23 0
                                    

မနေ့ညက အိပ်တာနောက်ကျသောကြောင့်
မနက်ကျမထနိုင် ...

ခုတော့...သူ ရုံးနောက်ကျလေပြီ။

ကား ကလဲ သူငယ်ချင်းဖြစ်သူငှားသွားသောကြောင့်
Taxi နှင့်လာရသည့်အပြင် ကားလမ်းပိတ်သောကြောင့်
အခြေအနေကမကောင်း။

ရုံးရှေ့ရောက်တော့ ဓာတ်လှေကားလူပြည့်‌မနေ
စေရန်ဆုတောင်းကာ အပြေးအလွှား......

⚔️"ခဏလေးစောင့်ပါဦး !!!!! "

ဘုရားသိကြားမကာ ဓာတ်လှေကားအတွင်း
ဖုန်းပြောနေသော လူတစ်ယောက်သာပါသည်။

⚔️" ကျေးဇူးတင်ပါတယ်ခင်ဗျာ "

သူ ပြောလိုက်တော့ ထိုလူက အပြုံးတစ်ချက်ဖြင့်သာ
တုန့်ပြန်ကာပြောလက်စဖုန်းကိုဆက်ပြောနေသည်။

ဒီနေ့အစည်းအဝေးရှိပါတယ်ဆိုကာမှ
နောက်ကျနေသော ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ရင်း .....

_________________

သူ ရောက်သွားတော့အစည်းအဝေးမစသေး။
ဟူး... တော်ပါသေးရဲ့...

နေရာမှာဝင်ထိုင်ပြီး အမောဖြေနေစဉ်
CEO နှင့်အတူပါလာသော လူတစ်ယောက်...

" အားလုံးကိုမိတ်ဆက်ပေးစရာရှိပါတယ်။
သိပြီးသားလဲဖြစ်လောက်မှာပါ။

ရှေ့နေကြီးကိုယ်စား Company ရဲ့ ဥပဒေရေးရာကိစ္စတွေကို ဆောင်ရွက်ပေးမဲ့သူ ပါ

ရှေ့နေကြီးတုန်းက ဒီမှာ ရုံးမထိုင်ပေမဲ့ သူ ကတော့
ဒီမှာ ရုံးတက်မှာပါ...."

" ဟုတ်ကဲ့...Hong Jisoo ပါ
ရှေ့လျှောက် အကူအညီတောင်းပါတယ် "

အပြုံးတစ်ခုနှင့်မိတ်ဆက်စကားကို
လိုသလောက်ပဲပြောကာ
နေရာတွင်ပြန်ထိုင်လိုက်သော ရှေ့နေ ဆိုသည့် ထိုလူ

သူ လို ယောက်ျားလေးတစ်ယောက်တောင် ထပ်ပြီး
မြင်တွေ့ချင်သွားရလောက်အောင် အပြုံးတွေက အေးချမ်းလွန်းလှသည်။

သူ့ ဘဝတစ်လျှောက်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ဝင်စားခဲ့ဖူးခြင်းမရှိခဲ့ပေမဲ့
မြင်တွေ့သူတိုင်းကို အေးချမ်းမှုပေးစွမ်းနိုင်‌သော အပြုံးမျက်နှာပိုင်ရှင် ထိုလူသား ကိုတော့
မျက်တောင်မခတ်တမ်းပင် ကြည့်ချင်နေမိသည့်
သူ့ စိတ်တို့အား သူ ပင် နားမလည်နိုင်...

Never AgainWhere stories live. Discover now