❄️☃️December Special❄️☃️

203 16 0
                                    

🎄🎄🎄🎄🎄🎄🎄🎄🎄🎄

Christmas ရောက်တော့မည်ဖြစ်သောကြောင့်
နေရာတိုင်းတွင် Christmas Theme များနှင့် အလှဆင်ထားကြကာ မြင်ရသည်မှာကြည်နူးစရာပင်

သူများတွေပြောကြသလိုပင်
လူတွေဟာ အချစ်နဲ့တွေ့‌တဲ့အခါ မြင်ရသမျှအရာရာတိုင်းလှပနေသည် တဲ့

Seokmin အတွက်လဲ 1000% လောက်ပင်မှန်သည်။

အရင်ကဆို Christmas Theme တွေ
ဘယ်လောက်ပဲလှသည်ဆိုဦးတော့
သာမာန်ကာလျှံကာပင် ကျော်ဖြတ်သွားဖြစ်ခဲ့သည်ချည်း

ခုက သူချစ်ရပါသော အစ်ကို နှင့်အတူ
Christmas အတွက် အိမ်တွင်အလှဆင်ရန်
ဈေးဝယ်ထွက်နေကြခြင်းဖြစ်တာမို့

Seokmin မျက်စိထဲ
မြင်မြင်သမျှအရာရာတိုင်းက အရင်ကထက်ပိုလှကာနေသည်။

" Dokyeomie ဒီ အပင်လေးပဲယူကြမလား
အရမ်းလဲမကြီးသလို သေးလဲမသေးတော့
အဆင်ပြေတယ် ..."

" အစ်ကို ကြိုက်တယ်ဆို
အဲ့တာလေးပဲယူလိုက်မယ်လေ "

" ဒီမှာ...အလှဆင်တဲ့ဟာလေးတွေ..."

" ဒါလေး ဒါလေး
အစ်ကို... နဲ့ဆို အရမ်းလိုက်မယ်..."

" ရားးးး အဲ့တာကြီးက ကလေးဆန်တယ်..."

" အစ်ကိုက ကျွန်တော့်အတွက်တော့ ကလေးလေးပဲဟာ "

အစ်ကို က မနိုင်တော့ဘူး လွှတ်ထားလိုက်ပြီ ဆိုသည့်
သဘောဖြင့် ဘာမှမပြောတော့ပဲ
ခေါင်းတခါတခါဖြင့်သာ ပစ္စည်းများဆက်ပြီးရွေးချယ်နေလေတော့သည်။

" Dokyeomie ... Christmas Eve ကျ
Mingyu , SeungKwang တို့အဆင်ပြေတယ်ဆိုရင်ခေါ်လိုက်မယ်လေ "

" ဟုတ်...အစ်ကို
မသေချာ‌ပေမဲ့...မေးကြည့်လိုက်မယ် "

" ဒါနဲ့ အဲ့ညကျရင် စားစရာက အစ်ကို ချက်မှာမလား?

ကျွန်တော် က ကင်ချီဟင်းရည် ချက်တဲ့နေရာမှာတော့ Expert ဖြစ်ပေမဲ့ ကျန်တာကတော့ အခြေခံအဆင့်

အာ....အစ်ကို ပင်ပန်းနေပါ့မယ်

Mingyu ကိုမရ,ရအောင်ခေါ်ပြီး သူ့ကိုပဲ ချက်ခိုင်းလိုက်ကြမလား ? "

Seokmin ပြောလိုက်တော့ အစ်ကို က ရယ်ကာ

" Mingyu သာကြားရင် စိတ်မကောင်းဖြစ်တော့မယ်
သူ့ သူငယ်ချင်းက သူ့ကို ခိုင်းဖို့ခေါ်ပါတယ်ဆိုပြီး...

You've reached the end of published parts.

⏰ Last updated: Dec 28, 2023 ⏰

Add this story to your Library to get notified about new parts!

Never AgainWhere stories live. Discover now