Part 1

1.5K 25 0
                                    

နန်းတော်ကဲ့သို့ ကြီးမားသော အိမ်ကြီးတစ်အိမ်တွင်ဖြစ်သည်။အစေခံလက်ထောက်တစ်ယောက်
ရုန်းရင်းဆန်ခတ်ဖြစ်ကာ ဟောခန်းကဲ့သို့ အခန်းကြီးတစ်ခန်းရှေ့တွင် ရပ်စောင့်ကာ ခွင့်ပြုချက်ရသည်နှင့် အပြေးလေးဝင်သွားကာ သူ၏ သခင်ရှေ့သို့ ဒူးထောက်ချလျက်

"သခင်ကြီးခင်ဗျ....ကျွန်တော်တို့တတွေ သူ့ကို ရှာတွေ့ပါပြီ"

"...သူ့ကို..ခေါ်လာခဲ့တော့"

"သခင်ကြီးခင်ဗျ ကျွန်တော်တို့ သူ့ကို ရှာတွေ့ရုံပဲ ရှိသေး.."

"ငါဘာပြောနေလဲ အခုချက်ချင်း မရရအောင်သွားခေါ်လာခဲ့ ငါသူ့ကို တွေ့ချင်တယ်"

"ဟုတ် ဟုတ်ကဲ့ပါခင်ဗျ ဟေ့ရောင်တွေ သွားမယ်"

ဤသို့ဖြင့် ထိုလူသားရှိရာ နေရာဆီသို့ Porsche ကားကြီး သုံးစီးဖြင့် သွားလေတော့သည်။သိပ်တောင်မကြာလိုက် ဆယ်ကျော်သက်တစ်ယောက်နှင့် ထိုကောင်လေးအား ရေခဲမုန့်ဆိုင်တစ်ဆိုင်ရှေ့တွင် တွေ့လိုက်ရသည်။ထိုဆိုင်ရှေ့တွင်

"ရေးးး ကျွန်တော်တို့ ရေခဲမုန့် စားရတော့မယ်"

"ထိန်လင်း‌ ငြိမ်ငြိမ်နေ မေမေဆူလိမ့်မယ်"

"ဟာ ကိုကြီးကလည်း ဒီနေ့ကျွန်တော့် ၁၆ နှစ်ပြည့်မွေးနေ့လေးကို"

"အေးပါ အရမ်းကြီးမဆော့နဲ့ မဟုတ်ရင် အကို မင်းကို မွေးနေ့လက်ဆောင်မပေးဘဲ ပစ်ထား
အ့"

သူတို့ ညီအစ်ကို နှစ်ဦးစကားပြောနေတုန်း အကိုဖြစ်သူ ရှိုင်းထက်သော်တာအား လူနှစ်ယောက်က အကြမ်းပတမ်း ဆွဲခေါ်သွားခြင်းသာ။

"ကိုကြီး!! ကိုကြီး ‌အမေ! အဖေ!
ဒီမှာကိုကြီးကို ဆွဲခေါ်သွားပြီလို့ ကိုကြီးပါသွားပြီလို့ ကယ်ကြပါ"

ထိန်လင်းထွဠ်ခေါင် သူ့အကိုအားဆွဲခေါ်သွားသည်ကို ကြည့်ရင်း ကူကယ်ရာမဲ့ ကောင်လေးတစ်ယောက်လို ‌အကူအညီအော်တောင်းနေမိသည်။

ထိုချိန် မိဘနှစ်ပါးဖြစ်ဟန်တူသည့် လူနှစ်ဦးလက်ထဲမှ ရေခဲမုန့်များလည်း လွတ်ကျသွားပြီး အော်ငိုနေသည့် ကလေးဆီသို့ အမောတကောပြေးသွားတော့သည်။

My Daddy Kidnapped Me~(On Going)Where stories live. Discover now