Part 3

797 15 0
                                    

အပ်ဒိတ်မပေးနိုင်လို့‌ ဆောရီးပါ ငယ်လေးတို့ရေ စနေနေ့က တင်မယ်လုပ်တော့ မအားသေးတာနဲ့ တနဂ်နွေတင်မယ်လုပ်တော့ ဖုန်းအားမရှိတာရော ပျင်းနာရောနဲ့ အအေးမိသွားပါတယ် ဒီနေ့တော့ ဖျားလည်း အပ်ဒိတ်ပေးမှ ရမယ် ဆိုပြီး အပ်ဒိတ်ပေးလိုက်တယ်နော်

__________________ #haric

နောက်တစ်နေ့မနက်ရောက်တော့ ရှိုင်းထက်‌သော်တာ နိုးလာပြီး ဘေးပတ်လည်ကို ကြည့်လိုက်သည်။သူ့အခန်းမဟုတ်ကြောင်းကို သတိထားမိသွား၏။ထို့နောက် ကုတင်ပေါ်မှ ဆင်းမည်အလုပ် သူ၏ အနောက်ပေါက်ကလေး နာလာသောကြောင့် လန့်၍ ထိုအနေအထားအတိုင်း ရပ်နေမိသည်။ထိုအချိန် သူ၏ ဦးနှောက်ထဲ၌ မနေ့ညက အကြောင်းအရာတွေကို ပြန်‌တွေးမိရင်း

"အီးဟီး ငါဘယ်ရောက်နေတာလဲ အိမ်ပြန်ချင်တယ်!!!"

ထိုအချိန် တံခါးအပြင်ဘက်တွင် စောင့်နေသည့် bodyguard တစ်ဦးဝင်လာပြီး

"ဟိုကောင်လေး လျှောက်အော်မနေနဲ့"

"ဗျာ..."
"အားး! ကျွန်တော့်ကို လွှတ်"

ခွမ်း! .....ဂွက် ဂွမ်း!!!

"ခွက်တွေကျကွဲကုန်ပြီဟ အော်မနေနဲ့ဦး သခင်ကြီးကြားရင် အသတ်ခံရလိမ့်မယ်!"

"ဂရုမစိုက်ဘူးဗျာ..အီးဟီးး လွှတ်ပေး"

"ဟာ ဟိုကောင်လေး မငိုချလိုက်နဲ့လေ"

"....."

"ဟူးးးမ် တော်သေးတယ်"

"ဗြဲ......!"

"ဟ!"

ထိုအချိန် နှိုင်းယှဉ်သူရမောင် အခန်းထဲသို့ ဝင်လာပြီး..

"ဘာတွေ ဒီလောက် ဆူညံနေတာလဲ?!"

"သ_သခင်ကြီး ဒီကောင်လေးက နိုး နိုးချင်းကြီးကို လျှောက်အော်ပြီး ငိုနေတာ အဲ့ဒါကြောင့် ကျွန်တော်.."

ဖြောင်းးး

"သခင်ကြီး ဘာလို့ ကျွန်တော့်ကို..?"

"မင်းသူ့ကို ဆွဲလားရမ်းလားလုပ်သေးတယ်မှတ်လား ငါအောက်ထပ်မှာ အကုန်ကြားရတယ်ကွ!"

"ဗျာ...?"

ထိုအချိန် သူတို့အား အိပ်ရာပေါ်မှ ပြူးတူးပြဲတဲ ကြည့်နေသော ကောင်လေးကို တစ်ချက်ကြည့်လိုက်ပြီးးး

My Daddy Kidnapped Me~(On Going)Where stories live. Discover now