part-4

685 22 4
                                    

      နှိုင်းယှဉ်သူရမောင် ဆက်ကြည့်မနေနိုင်တော့ဘဲ သူနှင့်အတူ ဆန်ပြုတ်လိုက်သောက်ပေးရတော့သည်။ရှိုင်းထက်သော်တာ သူနှင့်အတူ ဆန်ပြုတ်လိုက်သောက်ပေးနေသော နှိုင်းယှဉ်သူရမောင်အား ကြည့်ရင်း ဆန်ပြုတ်သီးသွား၏။ထို့ကြောင့် နှိုင်းယှဉ်သူရမောင် နေရာမှ ထပြီး ရေတစ်ခွက် ငှဲ့၍ ရှိုင်းထက်သော်တာအား သောက်စေသည်။ထိုတော့မှ ဆန်ပြုတ်သီးတာ သက်သာသွား၏။နောက် ရေခွက်ကို ဘေးတစ်နေရာ ချထားရင်း ဆန်ပြုတ်ပန်းကန်ထဲမှ ဇွန်းကို ယူကာ ကိုယ်တိုင်ကိုယ်ကျ ခွံ့ကျွေးလေတော့သည်။

"အဟွတ် အဟွတ်"

"ဒီမှာ ရေထပ်သောက်လိုက်"

"ရတယ် တော်ပြီ အဟွတ်"

"လာ ပါးစပ်ဟ"

"..."

"ဟလေ ဆန်ပြုတ်ခွံ့မလို့ "

"ဟုတ်"

"ရရဲ့လား"

"ဟုတ်ကဲ့"

  ထိုအချိန် ထမင်းစားခန်းထဲသို့ မိန်းမတစ်ဦးဝင်လာတော့သည်။ထိုမိန်းမမှာ အနီရောင် crop top အကျီနှင့် အမဲရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အပေါ်မှ လယ်သာအကျီတစ်ထပ် ထပ်ဝတ်ဆင်ထား၏။ဘေးမှ bodyguard နှစ်ယောက်လဲ ပါလာ၏။ရှိုင်းထက်သော်တာမှာ မျက်လုံးပြူးလေးနှင့် ပြူးကြည့်နေပြီး ပါးစပ်လေးလဲ ဟလျက်။ထိုမိန်းမမှာ နှိုင်းယှဉ်သူရမောင်ဘေးရှိ ကောင်လေးကို တစ်ချက်ကြည့်ရင်း မျက်နှာရှုံ့လိုက်၏။ထိုအချိန် နှိုင်းယှဉ်သူရမောင်က

"ထိုင်ပါဦး ကိစ္စရှိလို့လား ဒီထိရောက်လာတာ?"

"အင်း ရှိတယ် စေ့စပ်ထားတဲ့ စာချုပ်ဖျက်လိုက်တယ်ဆို နောက်တစ်လနေရင်ကို မဂ်လာဆောင်ရတော့မယ့်ဟာ"

"အမ်းး ဖျက်လိုက်တယ် ကိစ္စရှိသေးလား"

"ဟင့်အင်း ဒါပေမယ့် အိမ်က မိဘတွေကတော့ သွေးတက်ပြီး ဆေးရုံရောက်နေတယ် မင်းလုပ်လိုက်လို့လေ"

"တကယ် အဲ့လိုဖြစ်သွားတာလား ကျစ်"

"ဟုတ်တယ် မကြာခင် ပြန်ကောင်းသွားမှာပါ"

"မင်းက ဆရာဝန်ကြီးလို ပြောနေတာပဲ"

"ထားပါတော့  ဒါနဲ့ ဘေးက ကောင်လေးက ဘယ်သူလဲ"

You've reached the end of published parts.

⏰ Last updated: Mar 24 ⏰

Add this story to your Library to get notified about new parts!

My Daddy Kidnapped Me~(On Going)Where stories live. Discover now