ပဏာမ~ {၁}

3K 172 20
                                    

ပဏာမ

~ လေညင်းသာက မြက်ခင်းပြင်တစ်ခွင်သွဲ့၍ အရှိန်ယူသည်၊ သို့ရာ အဆုံး၌ လေညင်းမှသည် လေပြင်းမုန်တိုင်းအဖြစ်သို့ ~

အခန်း {}
နယ်စပ်ဒေသ

နယ်စပ်ရှိ 'ယန့်ဟွေ' ဟုအမည်ရှိသောမြို့ငယ်လေးတွင် "စစ်သူကြီးတောင်ကုန်း" ဟူ၍ ရှိသည်။ အလွန်ကြီးကျယ်ခမ်းနားသော နာမည်ဖြစ်သော်လည်း အမှန်စင်စစ်တွင် မြေကုန်းမို့သေးသေးတစ်ခုပင်ဖြစ်သည်။ လည်တိုင်ကို ဆန့်ကြည့်လိုက်လျှင် တချက်မော့ရုံဖြင့် ကုန်းထိပ်ကို လှမ်းမြင်နိုင်သည်။

စစ်သူကြီးတောင်ကုန်းဆိုသည်မှာလည်း ဟိုးယခင်ကတည်းက ရှိလာခဲ့သည် မဟုတ်ချေ။ ဒဏ္ဍာရီအရဆိုလျှင် လွန်ခဲ့သော ဆယ့်လေးနှစ်က မဟာလျန်ပြည်ကြီး၏ ပထမတန်းစား မဟာသံနက်တပ်ရင်းသုံးခုသည် မြောက်အရပ်သို့ ခရီးနှင်ခဲ့ပြီး လူရိုင်းမျိုးနွယ်စု ၁၈ ခုကို သုတ်သင်ရှင်းလင်းခဲ့လေသည်။

အနှီသူတို့ ယန့်ဟွေမြို့ကိုဖြတ်၍ မြို့တော်သို့ အောင်မြင်စွာ ပြန်လာသည့် လမ်းခရီးတွင် နယ်စပ်မြို့ငယ်လေးတစ်မြို့အားဖြတ်သွားရသည်။

ထိုနယ်စပ်မြို့ငယ်လေး၏ အမည်မှာ "ယန့်ဟွေ" ဖြစ်သည်။

အသုံးမလိုသည့် ချပ်ဝတ်တန်ဆာများကို ထိုနေရာတွင် စွန့်ပစ်ခဲ့ခြင်းသာ။ ထိုသည်မှ တောင်ပို့ကလေးတစ်ခုကဲ့သိုဖြစ်လာပြီး သဲမှုန့်ဖုန်မှုန့်၊ မိုးဒဏ်လေဒဏ်တို့ကို နှစ်ပေါင်းများစွာဖြတ်သန်းပြီးနောက် စစ်သူကြီးတောင်ကုန်းဟူ၍ ဖြစ်လာခဲ့သည်။

စစ်သူကြီးတောင်ကုန်းသည်ကား သုံးမရသော မြေရိုင်းဖြစ်သည်။ စိုက်သမျှ မအောင်သည့်အပြင် မြက်ရိုင်းများပင်လျှင် မပေါက်ရောက်ပေ။ လူငယ်စုံတွဲများ ခိုးကြောင်ခိုးဝှက် ချိန်းတွေ့ချင်လျှင်ပင် အကာကွယ်မဖြစ်၊ ထီးထီးမားမားကြီးဖြင့် အလယ်တွင်နေရာယူထားပြီး မည်သူမှ အနှီမြေကို ဘာမှမလုပ်ကိုင်နိုင်ဘဲဖြစ်နေချေ၏။ ဤသည်မှာ သံနက်တပ်ဖွဲ့၏ သတ်ဖြတ်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများက ပြင်းထန်လွန်းသောကြောင့် မကောင်းသောအငွေ့သက်များ လွမ်းမိုးနေခြင်းဟု ရှေးလူကြီးများက ဆိုကြသည်။ ကာလကြာရှည်လာသောအခါ အားယားလေလွင့်နေသော လူများက ထိုအရာကို မူရင်းပုံသဏ္ဌာန်ဟု ထင်လာကာ နယ်စပ်ဒေသ၏ သရဲတစ္ဆေပုံပြင်များ အတွဲလိုက် ဖန်တီးပြောဆိုကြတော့၏။ ထို့နောက် ပိုမိုကြာမြင့်သောကာလတစ်ခု ရောက်သောအခါ ထိုနေရာသို့ မည်သူမျှ သွားရောက်ခြင်း မရှိတော့ပေ။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now