{၁၂}

1.9K 193 17
                                    

အခန်း {၁၂}

ရှေးဟောင်းနှောင်းဖြစ်ကိစ္စအဖုံဖုံ

မန်လူရိုင်းတို့သည် ရှိသမျှလူအင်အားသုံး၍ လှုပ်ရှားခြင်းဖြစ်၏။ အားလုံးက လေးလံသောချပ်ဝတ်တန်ဆာဝတ်ဆင်ပြီး ယန့်ဟွေမြို့ငယ်လေးကို အလစ်ဝင်တိုက်ခိုက်ကြခြင်းဖြစ်သည်။ ပြောရလျှင် ရှိရှိသမျှ အသက်ကို ပုံအောထားပြီလို့ ဆိုနိုင်သည်။ မဟာလျန်ပြည်ကြီးပင်လျှင် မနည်းထောက်ပံ့ပျိုးထောင်နေရသော လေးလံသောချပ်ဝတ်တန်ဆာ၏ အားစားနှုန်းကို မျိုးနွယ် (၁၈) စုကမည်သို့ထင်နေအံ့နည်း။

"အသွေးအသားများခမ်းခြောက်မတတ်" ကြိုးစားလျှင်တောင် အဝေးကြီး ဝေးပါသေးသည်။ အသွေးအသားများခမ်းလို့ ရိုးတွင်းခြင်ဆီပါမကျန် သုံးခါပြန်လောက်ခြစ်ယူမှသာ ရနိုင်မည်။

သူတို့သည် နဂိုမူလကတည်းက သားရဲဝံပုလွေများနှင့် တစ်ဂူတည်းအောင်းရင်း ကြီးပြင်းလာကြသူများသာ။ ဤကဲ့သို့ အကြံအစည်များနှင့်လေးလံသောချပ်ဝတ်တန်ဆာအဖွဲ့ ပေါင်းလိုက်ပြီး အားသွန်ခွန်စိုက် တိုက်ခိုက်ရုံဖြင့် တစ်ဖက်ကို အသာလေးအနိုင်ယူပြီး အောင်မြင်စွာ သုတ်သင်နိုင်သင့်သည်။

စိတ်မကောင်းစွာပင် တစ်ဖက်က မဟာသံနက်တပ်ရင်းဖြစ်နေလေသည်။

လင်းယုန်နက်တပ်ဖွဲ့က အောင်မြင်စွာတိုက်ယူကာ ဧရာမလေတံခွန်ကြီးကို ထိန်းချုပ်နိုင်လိုက်ပြီး သံနက်တပ်ဖွဲ့က လူရိုင်းမင်းသားကို အရှင်ဖမ်းလိုက်သည်။ ကုယွင်၏ တိတ်တဆိတ် ခွင့်ပြုချက်အရ တစ်မြို့လုံးတွင် ကျန်ရှိနေသမျှ မြောက်ပိုင်းလူရိုင်းစစ်သည်များကိုလည်း ကွပ်မျက်ပစ်လိုက်၏။ ထိုနေ့ နေမဝင်ခင်မှာပင် တိုက်ပွဲကအဆုံးသတ်သွားခဲ့လေသည်။

သို့ရာ ဤကိစ္စက ဤနေရာတွင်မပြီးသေး။ ကုယွင်က အပြင်ဘက်ကရန်သူတွေကို ရှင်းလင်းပြီးသည်နှင့် ဓားလက်နက်စစ်သည်တော်အပေါင်းကို မိမိတို့အတွင်းလူတွေဘက်သို့ ၎င်းတို့အားတစ်စုံတစ်ရာ ပြင်ဆင်ချိန်ပင်မပေးဘဲ ချိန်ရွယ်လိုက်သည်။ ပြည်သူအားလုံးက သံနက်တပ်ရင်း၏ ကြောက်ခမန်းလိလိ သြဇာအင်အားကြီးမားမှုလက်အောက်ဝယ် တုန်လှုပ်နေရချိန်မှာပဲ ယန့်ဟွေမြို့ ၊ ချန်ယန်ဂိတ်အစရှိသည့် မြောက်ပိုင်းနယ်စပ် လမ်းကြောတစ်လှျှောက်ရှိ ရာထူးကြီးငယ်မရွေး လူအယောက် ခြောက်ဆယ်ကျော်ကို အမှားအမှန် အကြောင်းအရင်း မေးမြန်းခြင်းမရှိ အကုန်ဖမ်းဆီးအကျဉ်းချကာ စစ်ဆေးမေးမြန်းပစ်သည်။ တစ်ချိန်တည်းမှာပဲ သတင်းကြားရုံဖြင့်တောင် ကြောက်ရွံ့တုန်လှုပ်နေကြသောကြောင့် လူတိုင်းလူတိုင်းက အလိုလို အညံ့ခံလာကြတော့၏။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now