{၅၁}

1.1K 145 22
                                    

အခန်း {၅၁}

ချစ်အာရုံ

ကုယွင်၏ အမေးစကားသံ မြေပေါ်အကျဝယ် ချန်ကန်း၏ သွေးခုန်နှုန်းက တဟုန်ထိုးမြင့်တက်လာသည်ဟုပါ ခံစားလိုက်ရသည်။ လိုက်၍ ခန့်မှန်းစမ်းသပ်ကြည့်လို့ မရ‌လောက်အောင် မြန်ဆန်လာသည်။ သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်ထားသော ချန်ကန်း၏လက်ကောက်ဝတ်သည် ချစ်ချစ်တောက်ပူကျက်နေသည်။ သွေးကြောအောက်တွင် ပေါက်ကွဲအံ့ဆဲဆဲ မီးတောင်တစ်တောင် ဖွက်ထားသည့်ပမာ။ နည်းနည်းလောက်လှုပ်လိုက်ရုံနှင့် အကြီးအကျယ် ပေါက်ကွဲလာပြီး ချန်ကန်းတစ်ကိုယ်လုံးရှိ သွေးကြောမျှင်များကို တစ်စစီ ဖြတ်တောက်ပစ်တော့မယောင်နှယ်။

ကုယွင်ကား လုံးလုံးလျားလျား မထင်ထားခဲ့မိချေ။ မိမိက သည်လောက်တောင် ကွေ့ဝိုက်၍ ပျော့ပျော့ပျောင်းပျောင်း ဖွင့်ဟမေးမြန်းလိုက်သည့်တိုင် ချန်ကန်းက ဤကဲ့သို့ ကြီးမားပြင်းထန်သော တုံ့ပြန်မှုမျိုးရှိလိမ့်မည်ဟု။ ထို့ပြင် ချန်ကန်း တစ်ခုခု ဖြစ်သွားမည်ကိုလည်း စိုးရိမ်သောကြောင့် ကုယွင်က လက်လှမ်းကာ ချန်ကန်း၏ ရင်ဘတ်ထက် လက်ဖြင့် ဖိကာ ဆိုလိုက်သည်။

" စိတ်ငြိမ်ငြိမ်ထားစမ်း.. ဘာမှလျှောက်မစဉ်းစားနဲ့တော့! "

ချန်ကန်းကမူ ကုယွင်၏လက်ကို အောက်သို့ ဆွဲချလိုက်ပြီး သူ့လက်ဖဝါးထဲ၌ အားပါပါ ဖမ်းဆုပ်ထားသည်။ အရိုးအဆစ်များပင် "ဂျွတ်" ကနဲ အသံမြည်လေတော့ ကုယွင်၏မျက်ခွံတို့ ခုန်တက်သွားရ၏။

ချန်ကန်း၏မျက်နှာသည် ရွှေစက္ကူတစ်ရွက်ပမာ ဖျော့တော့လာသည်။ မျက်လုံးနှစ်စုံကား သွေးလွှမ်းလျက်။ သူ့ရှေ့တွင် မရေမတွက်နိုင်သော အဆုံးမဲ့ စိတ်ကူးယဉ်ပုံရိပ်များ တဖျတ်ဖျတ် ပြေးသွားနေသည်။ နားစည်ထဲတွင် စစ်သည်ပေါင်း ထောင်သောင်းချီ၍ ကြွေးကြော်အော်ဟစ် သတ်ဖြတ်နေကြသည်။ စည်တွေမောင်းတွေ တီးနေကြသည်။ မကောင်းဆိုးဝါးများနှင့် မိစ္ဆာများလည်း ဟိုတရိပ်သည်တရိပ် ဟိုနားသည်နား ယိမ်းနွဲ့လှုပ်ယမ်းနေကြသည်။ ဝူးအာကူ အကိုင်းအခက်တစ်ခုသည် သူ့နှလုံးသွေးကို သောက်သုံး၍ ရုတ်ခြည်း အဆမတန်ကြီးထွားလာပေသည်။ ၄င်းအကိုင်းအခက်တွင် ဆူးများ အပြည့်ဖုံးအုပ်ထားပြီး သူ့ရင်ကို တစ်စစီကွဲအောင် ဆွဲဆုတ်နေသည်မှာ လည်မျိုတစ်လျှောက် စူးစိုက်ဆို့နစ်နေသည့်သဖွယ်-----

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now