{၇၆}

1.1K 155 23
                                    

အခန်း {၇၆}

နှလုံးသားဗဟိုမှ ဝေးကွာလာခြင်း

ရက်အနည်းငယ်ကြာသော် ရှီးယွိနယ်စပ်ရှိ တိုင်းပြည်အပေါင်းထံမှ ငြိမ်းချမ်းရေးလိုလားကြောင်း တောင်းဆိုသည့် သတင်းက ရွှေမြို့တော်သို့ ဆိုက်ရောက်လာခဲ့သည်။ စစ်မက်ရေးရာခုံရုံးသည် လုံအန်းဧကရာဇ်အား တင်ပြ၍ အရေးပေါ်ဆွေးနွေးပွဲကို တစ်ရက်တိတိ ပြုလုပ်ပြီးနောက် အန်းတင့်အမတ်မင်းအား ပြန်ကြားလိုက်၏။ အဓိကအားဖြင့် ကိစ္စနှစ်ခုအား သေချာစေလိုကြောင်း။ ပထမတစ်ခုမှာ သူပုန်တပ်များအား သုံးနှစ်ကနေ ငါးနှစ်အတွင်း၌ မည်သို့မျှ ပြန်လည်နလန်ထူနိုင်စွမ်း မရှိအောင် လုပ်ခြင်းပင်။ မဟုတ်လျှင် သူတို့တွေ အနောက်တိုင်းသားများနှင့် ရင်ဆိုင်တိုက်ဆိုင်နေချိန်တွင် အနောက်ဘက်၌ ပြန်လည်ထကြွသောင်းကျန်းလာမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ ဒုတိယတစ်ခုမှာ ဇစ်လျိုကျင်းတောင်းရန်သာ။ များများရလေ ကောင်းလေဖြစ်၏။ တိုင်းပြည်၏ဘဏ္ဍာတိုက် အန္တရာယ်သည် ယာယီ ဖြေရှင်းထားနိုင်သော်လည်း မဟာလျန်ပြည်ကြီး၏ ဇစ်လျိုကျင်းအခက်အခဲကား ယခုထိ ပြေလည်ခြင်း မရှိသေးချေ။ တိုင်းပြည်၏နယ်စပ်လေးခုလုံး၌ ရန်သူများ ဝိုင်းထားသော်လည်း ရှီးပေမှ စ၍ လက်တုံ့ပြန်ခြင်းသည်ကား ပထမအချက်အားဖြင့် မဟာသံနက်တပ်ရင်းက ထိုနေရာ၌ တည်ရှိနေခြင်းကြောင့်လည်းဖြစ်သလို ဒုတိယအချက်အားဖြင့်တော့ အမြန်ဆုံးနည်းနှင့် ဇစ်လျိုကျင်းပြဿနာအား ဖြေရှင်းနိုင်ရန် ဖြစ်ပေသည်။

တခြားသောကိစ္စကြီးငယ်များကိုတော့ အန်းတင့်အမတ်မင်းကိုယ်တိုင် စီစဉ်ဆုံးဖြတ်နိုင်ကြောင်းတို့ပင် ဖြစ်ပေတော့သည်။

ထို့အတူ ယန့်ချင်းဝမ်သည်လည်း နန်းတွင်းဝင်ကာ အရှင်မင်းမြတ်အား တွေ့ဆုံပြီး စစ်ပွဲနှင့်ပတ်သတ်သော သတင်းကို တင်ပြပေးသည့်အပြင် ဖုန်းဟော်လက်မှတ်များ၏ ရလဒ်အကြောင်းကိုပါ လီဖုန်းအား အကျဉ်းချုပ် တင်ပြလိုက်သည်။

လီဖုန်းသည် လက်ချောင်းများပင် ချိုး၍ ရေတွက်လိုက်ပြီး ဖုန်းဟော်လက်မှတ်၏ အကျိုးရလဒ်အပေါ် အံ့အားသင့်တုန်လှုပ်သွားကာ မထိန်းနိုင်စွာဘဲ မေးမိရလေသည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now