{၅}

413 69 6
                                    

အခန်း {}

ရှို့နျန်


ချန်ကန်းသည် ခက်ခက်ခဲခဲ ခြေဖျားထောက်ရပ်ကာ လူအုပ်ကြီးထဲတွင် လိုက်ရှာရင်း အော်လိုက်သည်။

" ရှစ်လျို့ ! "

ပြန်ဖြေသူမရှိပေ။ လေတံခွန်ကြီးနောက်သို့လိုက်လာသော လူအုပ်ကြီးသည် စတင် တွန်းကြတိုက်ကြ ဖြစ်လာတော့သည်။ ကြွေးကြော်သူများ၊ "လာနေပြီဟေ့" ဟုအော်ဟစ်နေသူများ၊ ဒေါသတကြီးဖြင့် "မတိုးကြနဲ့" ဟုဆိုနေသူများ အစုံပင်ဖြစ်သည်။

ချန်ကန်းသည် လူလေးငါးယောက် ဝင်တိုက်ခြင်းကို ခံရပြီးနောက် ဒေါသထွက်လာကာ စိတ်တိုစွာဖြင့်အော်လိုက်မိသည်။

" ရိဖု ! "

လူအုပ်ကြီးမှာ မြစ်ကြောင်းအတိုင်း လိုက်ပါလျက်ရှိပြီး ချန်ကန်းသည် တစ်ဖက်က လူရှာရင်း တစ်ဖက်က တစ်နေရာတည်းတွင် မြဲအောင် ခက်ခက်ခဲခဲ မတ်တပ်ရပ်နေရသည်။ ဘေးမှ ဖြတ်သန်းဝင်တိုက်သွားကြသော လူအုပ်ကြောင့် ချွေးရွှဲရွှဲစိုလာပြီး မကြာသေးခင်က ဧရာမလေတံခွန်ကြီး၏ ထည်ဝါမှုကို အံ့သြတုန်လှုပ်နေသော စိတ်ပင် ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရတော့သည်။ မွေးစားအဖေလေးတစ်ယောက် ရှိပါတယ် သူ ဘယ်တော့ အသက်မြန်မြန်တိုမယ် မသိ။

ချန်ကန်းစိတ်ထဲတွင် ဒေါသထွက်စွာတွေးမိတော့သည်။

" ရှန်ရှစ်လျို့က တကယ်ကို လုပ်စရာမရှိ ကြံဖန်လုပ်တဲ့လူပဲ၊ ဒီလောက်ပူနေတဲ့ ရာသီဥတုမှာ အပြင်ထွက်ပြီး လူအုပ်ကိုလျှောက်ပတ်ကြည့်တယ်! "

ထိုအချိန်တွင် မနီးမဝေးမှလူတစ်ယောက်က လည်ချောင်းသံဖြင့်အော်ဟစ်လိုက်သည်။

" မတိုးကြနဲ့တော့၊ လူတစ်ယောက် ပြုတ်ကျသွားတယ်! "

ချန်ကန်းသည် ဘယ်ကြည့်ညာကြည့် ရှာဖွေနေရင်း အသံလာရာဘက်သို့ မျက်လုံးတစ်ချက် အလိုလို ဝေ့ကြည့်လိုက်မိသည်။

မြစ်ကမ်းဘေးရှိလူအုပ်ကြီးမှာ တရုန်းရုန်း လှုပ်ရှားလာပြီး ရှုပ်ထွေးသွားတော့သည်။

" အမေရေ... ဘယ်လိုလုပ်ပြုတ်ကျသွားရတာလဲ! "

" သွား...ဟိုနားက တာဝန်ကျတဲ့ စစ်သားတွေကို သွားခေါ်လာခဲ့! "

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now