{၂၂}

1.3K 132 18
                                    

အခန်း{၂၂}

လေတံခွန်နီနီဝေဟင်သို့ဆန်တက်ခြင်း

ချန်ကန်းမှာတော့ ဦးခေါင်းအရေပြားမှသည် ခြေဖျားအထိ နီရဲတွတ်လာသည်။ ကိုယ်အတွင်းပိုင်းမှသည် အပြင်အထိ ကြွပ်ရွလာသည်။ တစ်ကိုယ်လုံးရှိအပေါက်များမှ အခိုးအငွေ့များ တလူလူထွက်လာသည့်နှယ်.. စိတ်တိုဒေါသထွက်လွန်း၍ အော်ပင်မအော်နိုင်တော့ချေ။

ချောင်နျန်ဇစ်ကမူ ဤသို့ အိမ်တိုင်လုံးပမာနှယ် ဆက်ဆံခံရခြင်းအပေါ် အင်မတန် အားကျလျက်ရှိသည်။ သ‌ရေများပင် ကျလျက် စစ်သေနာပတိချုပ်ကု၏ ကျောပြင်ကိုငေးမောကာ မျက်စိကျနေ၏။ သူက ကောဖန့်‌ရှောင်အနားသို့ ကပ်သွားလိုက်ပြီး ပြောသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ချောင်နျန်ဇစ်ကမူ ဤသို့ အိမ်တိုင်လုံးပမာနှယ် ဆက်ဆံခံရခြင်းအပေါ် အင်မတန် အားကျလျက်ရှိသည်။ သ‌ရေများပင် ကျလျက် စစ်သေနာပတိချုပ်ကု၏ ကျောပြင်ကိုငေးမောကာ မျက်စိကျနေ၏။ သူက ကောဖန့်‌ရှောင်အနားသို့ ကပ်သွားလိုက်ပြီး ပြောသည်။

" ဘဝမှာ တစ်ခေါက်လောက်များ အမတ်မင်းက ထမ်းပိုးခေါ်တာ ခံလိုက်ရမယ်ဆို ငါသေရင်တောင် တန်သွားပြီဟယ်! "

ကောဖန့်‌ရှောင်ကား အလွန်အားကိုးရသော မိတ်ဆွေပင်။ ထိုသို့ကြားသည်နှင့် နှာခေါင်းကို ပွတ်ကာ ကိုယ်ကို မားမားမတ်မတ်ရပ်လိုက်သည်။ လေးနက်တည်ကြည်စွာဖြင့် ရင်ကိုကော့၍ အသက်အောင့် ဗိုက်ချပ်လိုက်ပြီး အိတ်ကြီး တစ်အိတ်ကို သယ်ပိုးတော့ဖြင့် ဟန်ပြုကာ မိမိပခုံးကို ပုတ်ပြလျက်ပြောသည်။

" လာလေ! "

ချောင်နျန်ဇစ်က သူနှင့် အကြည့်ချင်းဆုံလိုက်ပြီး တံတွေးတစ်ချက်ထွေးလိုက်သည်။ ထို့နောက် စိတ်ဆိုးစွာဖြင့် တံခါးမကြီးကို ကျော်၍ ထွက်ပြေးသွားလေသည်။

နှစ်သစ်ကူးအကြိုညတွင် တားမြစ်ထားသောရိုးရာဓလေ့ စည်းကမ်း အားလုံးကို ဖြေလျော့ခွင့်ပြုထားပေသည်။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now