{၃၀}

1.6K 166 39
                                    

အခန်း{၃၀}

အမွှေးနံ့သာ


ချန်ကန်းမှာ ဘုန်းကြီးလျောင်ရန်အနောက်သို့ လိုက်လာရင်း မြို့ပြင်သို့ရောက်သော် တော်တော်လေး ညဉ့်နက်နေပြီဖြစ်သည်။ ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး မြို့ထဲတွင် ကင်းလှည့်နေသော လှည်းသံ မှာလည်း တဖြေးဖြေး ခပ်ဝေးဝေးသို့ ရောက်သွားချေပြီ။ ထို့ကြောင့် ချန်ကန်း၏ ခြေလှမ်းများက ထိုနေရာ၌ ရပ်တန့်လိုက်ပြီး သူ့ရှေ့က သွားနေသောလူကို ခေါ်လိုက်သည်။

" ဆရာတော်လျောင်ရန်... ခဏလောက် ရပ်ပါဦးခင်ဗျ "

လျောင်ရန်၏ ခြေလှမ်းများ တုန့်ကနဲ ရပ်သွားလေသည်။

ချန်ကန်း၏ စကားသံသည် အလွန် ဖြေးညင်းအေးဆေးစွာ ပြောဆိုနေပြီး ဒေါသအရိပ်အယောင် လုံးဝမရှိချေ။ နူးညံ့ညင်သာပြီး ရည်ရည်မွန်မွန်ဖြင့်။ ယခင်တုန်းက ဘုံကျောင်းရှိ တရားအားထုတ်ကျင့်ကြံရာ ခန်းမထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်ရင်း ခူတင်းလက်ဖက်ရည်ကြမ်းကို တစ်ငုံချင်း သောက်သုံးနေစဉ်က သကဲ့သိုပင် တည်ငြိမ်လျက်။

သို့ပေမင့် ချန်ကန်း၏လက်တစ်ဖက်ကတော့ ဓားရိုးကို ဆုပ်ကိုင်ထားလိုက်ချေပြီ။ ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်ရန် အသင့်။ အနှီဘုန်းကြီးအား အသားတုတ်ထိုး လုပ်ပစ်ရန်အသင့်။

ချန်ကန်း : " သည်တ‌လော ကာလတစ်လျှောက်လုံးမှာ ဆရာတော်နဲ့ ကျွန်တော် စကားလက်ဆုံကျခဲ့ပါတယ်... ကျွန်တော်သင်ယူတတ်မြောက်ခဲ့တာတွေလည်း မနည်းလှပါဘူး။ ဆရာတော့်မှာ ပြည်သူတွေအတွက် စဉ်းစားတွေးခေါ်ပေးတတ်တဲ့ နှလုံးသားမျိုးရှိပြီး ဘုန်းကြီးကျောင်းထဲမှာ ဘုရားစာတွေပဲ ရွတ်ဖတ်ရင်း အေးအေးချမ်းချမ်းနေမဲ့ သူမျိုး မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်သိထားပါတယ် ---- ကျွန်‌‌‌တော့်ရဲ့ ဘဝသရုပ်မှန်ဇာစ်မြစ်နဲ့ ပတ်သတ်ပြီး ဆရာ‌တော်လည်း သိမှာပါ...။ အမတ်မင်းကုယွင်က ဘယ်လိုပဲ မိုင်ထောင်ချီတဲ့ နယ်မြေဒေသတွေကို လွှမ်းမိုးကာကွယ်ပေးနေတဲ့သူဖြစ်ပါစေ... ခေတ်တစ်ခေတ်ရဲ့ နာမည်ကျော် စစ်သူကြီးတစ်ပါးဖြစ်ပါစေ... တိုင်းပြည်နဲ့တောတောင်ရေမြေက သူ့ကို ဘယ်ရာထူး ဘယ်နေရာမျိုးမှာ သတ်မှတ်သ‌ဘောထားပါစေ... ကျွန်တော့်အတွက်ကတော့ သူက အပြန်အလှန်မှီခိုပြီး အသက်ပေးကာကွယ်ရမဲ့ မိသားစုတစ်ယောက်ပါ...။ ကျွန်တော်ဆိုတာ ဘာမှမတတ်နိုင်တဲ့ သာမာန်လူငယ်လေးတစ်ယောက်ဖြစ်ပြီး... ဘာကြီးကျယ်ခမ်းနားတဲ့ ကိစ္စတွေကိုမှ ဆောင်ရွက်နိုင်စွမ်းမရှိပါဘူး...။ ကျွန်တော့်လက်ထဲက လက်နက်ဟာဆိုရင် ဘဝတစ်လျှောက် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ဖို့ပဲ ရည်ရွယ်ပြီး ဆုပ်ကိုင်ထားတာပါ.. လောကကြီးအတွက် ကြီးကြီးကျယ်ကျယ် အလုပ်တွေ ထမ်းဆောင်ပေးဖို့ မဟုတ်ရပါဘူးလေ။

အနောက်မြောက်အရပ်မှပန်းလေးတစ်ပွင့်နှင့်သူ၏အသည်းရတနာမွေးစားသားWhere stories live. Discover now