Part.4
ကြီးကျယ်ခမ်းနားလှတဲ့မင်္ဂလာပွဲ
မိဘခြင်းကလည်း သဘောတူ
နှစ်ဦးစလုံးကလည်း ချစ်ပြီးသားမို့
အရာရာ ပြည့်စုံနေတဲ့ တကယ့်ကို
မင်္ဂလာရှိတဲ့ ပွဲလေးပါပဲ
မောင့်ရဲ့မိဘများက အလွန်ကျယ်ပြန့်လှပြီး
နေချင်စဖွယ်ကောင်းလှတဲ့ တိုက်နဲ့ခြံကို
သဲတို့အတွက် လက်ဖွဲ့ခဲ့ပါသည်
သဲအနေနဲ့ နောက်မှ သိရတာက
အမှန်ဆိုရင် အဲဒီ ခြံနှင့်တိုက်ကို မမ
မင်္ဂလာဆောင် လက်ဖွဲ့ဖို့လို့ သိရပြီး
မမကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တယ်လို့
သိခွင့်ရလိုက်တဲ့အချိန်မှာ သဲအနေနဲ့
တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်
ပုံမှန်ဆိုရင် ဒီနှစ်ထဲမှာ အိမ်ထောင်ပြုဖို့
ရည်ရွယ်ထားခဲ့တာ မမပါတဲ့...
မြန်မာတို့ရဲ့ ထုံးတမ်းစဥ်လာအရ
တစ်နှစ်ထဲမှာ
၂ မင်္ဂလာမဆောင်ကောင်းဘူးဆိုတာကြောင့် မမဘက်က သဲတို့အတွက်
အရာရာ အနစ်နာခံပြီး 
အလျှော့ပေးခဲ့တယ်လို့ မောင်က ပြန်ပြောပြလို့ သဲ အနေနဲ့လည်း နောက်ကျတော့မှ
သိခဲ့ရတာပါ 
သိသိခြင်းမှာပဲ မမကို အရမ်းအားနာမိပါတယ်.... ကြိုသိခဲ့ရင်လည်း
သဲအနေနဲ့ ဖြစ်တဲ့နည်းနဲ့ နောက်ဆုတ်ပေးချင်ပါတယ်.... ခုတော့
အရာရာ နောက်ကျခဲ့ပြီမို့....
.....................................................
ငါ သဘောမကောင်းဘူးနော် ချစ်သဲပို
ငါ့ကို သဘောကောင်းတယ်
မထင်လိုက်ပါနဲ့ ငါ့မောင်လေးကို
ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို
အလျှော့ ပေးခဲ့တာပါ
အဲဒီကောင်မလေးက ကြွေရုပ်ကလေးလို
လှရက်နိုင်တာနဲ့ ငါချစ်တဲ့သူကို
ပိုင်ဆိုင်ခွင့်ရဖို့ တစ်နှစ်လောက်
နောက်ဆုတ်လိုက်ရတယ်လေ...
ဒီအတိုင်းလေးတောင်မှ ကိုကိုနဲ့ 
ခွဲနေရတာများတော့
ချစ်သူနှစ်ဦး တစ်တီတူးဖို့
အချိန်ဆိုတာ မရှိသလောက် ရှားခဲ့ပါတယ်
ချထားခဲ့မိတဲ့ ပလန်တွေလည်းတကယ်ကိုလန်ခဲ့ပြီမို့ လဝန်းအက္ခရာ
မကျေနပ်ချက်တွေဟာ
ချစ်သဲပိုအပေါ် အငြိုးကြီးစွာ ကျရောက်
လာခဲ့ပါတော့တယ်....
................
...............
                                      
                                  
                                              YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#
