ချစ်သဲပို မမအခန်းထဲက ပြေးထွက်လာပြီး ငိုနေတဲ့သမီးလေးကိုကောက်ချီလိုက်ပါသည်
" သမီးလေးရေ.... မား လာပြီနော် မငိုနဲ့တော့နော်"
" အီး...ဟီး... ဟီး.... မား.... မား.... အဟင့်.... 😢"
" အေးပါ.... အေးပါ.... သမီးလေးရယ်....
မား.... ရောက်ပြီနော်..... မငိုနဲ့တော့နော်
တိတ်..... တိတ်.... တိတ်ပါ သမီးလေးရယ်...နော်"
သူ့ညီမလေးငိုနေတာကို ကြည့်ပြီး
ခြူးရတီကပါ လိုက်ငိုနေတော့သည်
လဝန်းအက္ခရာ ရောက်လာတော့....
" ဟယ်.... မီးမီးလေး မျက်နှာက ဘယ်လိုဖြစ်....
မျက်ရည်တွေ စီးကျလို့ပါလား...
လာပါဦး မာမား.... ဆီကို....."
" မာ မား...."
" အွန်း... မီးမီးလေး ပြော...."
လဝန်းအက္ခရာ မီးမီးလေးကို ကောက်ချီလိုက်ပြီး
မျက်ရည်လေးတွေ သုတ်ပေးလို့ ပါးလေးကို
ကြင်နာစွာ နမ်းလိုက်သည်"
" မာ...မား.... မီးမီးကလေး မီးမီးကလေ
မာမား သိလား....?
ဘာလို့လဲသိဘူး ဘေဘီလေးငိုရင်
ဒီနေရာက နာတယ်"
မီးမီးလေးက လဝန်းရဲ့ မျက်နှာလေးကို
မော့ကြည့်ကာ သူ့ရင်ဘတ်ကလေးကို
သူ့လက်ကလေးနဲ့ ဖိပြလေသည်
" သြော်.....
မီးမီးလေးရယ်.....
ညီမလေးငိုတာကို မီးမီးလေးက
ရင်နာရတယ်ပေါ့"
ကဲ ကဲ... ညီမလေးလည်း တိတ်သွားပြီ
မီးမီးလေး မငိုနဲ့တော့နော်
" ဟုတ်ကဲ့ မာ မား"
လဝန်း မီးမီးလေးကို ချီထားရာက
အောက်ကိုချလိုက်ပြီး
" သမီးလေး အငိုတိတ်သွားပြီလား...
လာပါဦး မာမားဆီကို
လဝန်း သဲ လက်ထဲက သမီးငယ်လေးကို
လှမ်းချီလိုက်သည်
" မာ မား.....
" ဟင် သမီးလေး.... ချစ်စရာလေး
ငိုထားတာ ကြည့်ပါဦး မျက်လုံးလေးကို ရဲလို့
လဝန်း ပြောရင်းနဲ့ သမီးလေးကို နမ်းလိုက်သည်
" အင်း သမီးလေးက မွှေးနေတာပဲ
ချစ်စရာလေး ချစ်စရာလေး သမီးလေးရေ...
" မာ မား... မီး.... ချစ်.... မာမားကို မီး... ချစ်တယ်"
" Wow... မာမားကို ချစ်တယ်လို့ ပြောလိုက်တာလား
ထပ်ပြောပါဦး.... သမီးလေးရေ.... မီးလေးရေ...
YOU ARE READING
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Actionငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#
