Part.29
အပြောင်းအလဲတွေက ဒီလောက်ထိ
မြန်ဆန်သွားလိမ့်မယ်လို့ ဘယ်သူ့ ဘယ်သူမှ
မသိခဲ့ကြပါဘူး
မင်းခန့်သော်ဇင် သူ့ရဲ့ ဖြစ်ကြောင်းကုန်စင်
မိဘတွေကို ဖွင့်ပြောပြမိတော့...
ဖခင်ဖြစ်သူမှ...
"အဲဒီတော့ သား က ဘယ်လို
ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ...?
"ဟုတ်ကဲ့ နားနဲ့မနာ ဖဝါးနဲ့နာပါ ဖေဖေနဲ့ မေမေ ပြီးတော့ ဖွားဖွား....မြေး ကို
ခွင့်လွှတ်ပါနော်
မင်းခန့်သော်ဇင် ပြောနေရင်းနဲ့
အဖွားဖြစ်သူရှေ့ ဒူးကလေး ထောက်လိုက်ရင်း...
" ဖွားဖွား မြေးကို ခွင့်လွှတ်ပေးပါ
ဖေဖေ မေမေ... သား အဲဒီကောင်လေးကို
လက်ထပ်မယ်လို့ ကတိပေးလိုက်မိပါပြီ
သားကို နားလည်ပေးကြပါ....
လိမ်မာတဲ့ သားလေးမို့ မိဘတွေအနေနဲ့ကလည်း စိတ်မကောင်းတွေ ဖြစ်ရပါတယ်
ဦးသူရကိုကို တို့ မိသားစုကိုလည်း
ဘယ်လို မျက်နှာပြရမယ်မှန်း မသိတော့...
မိခင်ဖြစ်သူမှ...
" အဲဒီတော့ သားက အဲဒီကောင်လေးကိုပဲ
လက်ထပ်တော့မယ်ပေါ့"
" ဟုတ်ကဲ့ မေမေ... မေမေတို့ ခွင့်ပြုရင်.....
သားတို့ ကြီးကြီးကျယ်ကျယ်တော့
မလုပ်တော့ပါဘူး ငပလီဘက်သွားပြီးတော့
သူငယ်ချင်းနည်းနည်းနဲ့ အသိအမှတ်ပြုရုံလေးလောက်ပဲ လုပ်ချင်ပါတယ်....
" ကောင်းပြီလေ သားတို့ အဆင်ပြေသလို
စီစဥ်ပါ လဝန်းမိဘတွေကိုတော့
မေမေတို့ဘဲ ကြည့်ပြောလိုက်ပါ့မယ်
လဝန်နားလည်အောင်တော့ သားကိုယ်တိုင်ပဲ
ရှင်းပြလိုက်ပါ မေမေတို့ မျက်နှာပူတယ် သား
"ဟုတ်ကဲ့ မေမေ...
အဖွားဖြစ်သူမှ..
"ဆုံးဖြတ်ပြီးပြီဆိုရင်လည်း ကိုယ်ရွေးချယ်
ထားတဲ့လမ်းကို အကောင်းဆုံးဖြစ်အောင်
လျှောက်ပါ သူများနဲ့ မတူတဲ့လမ်းကို
ရွေးထားတာဆိုတော့ သူများထက်ပိုပြီး
ခက်ခဲနိုင်တယ် အဖွားအနေနဲ့တော့
ဘာမှ ဝင်မပါချင်ဘူး
မြေးအသက်ကလည်း ငယ်တော့တာမှ
မဟုတ်တာ....
ВЫ ЧИТАЕТЕ
သံယောဇဉ် ( Gl&Bl&Normal)(Completed)
Боевикငါ သဘောမကောင်းဘူးနော် ချစ်သဲပို ငါ့ကို သဘောကောင်းလွန်းတယ် မထင်လိုက်နဲ့ ငါ့မောင်လေးကို ချစ်တဲ့စိတ်နဲ့သာ ငါ အရာရာကို အလျှော့ပေးခဲ့တာပါ။ #လဝန်းအက္ခရာ#
