အခန်း၃။ တိုက်ရိုက်ထုတ်လွှင့်လူသတ်မှု

273 16 1
                                    

သူ့ကိုယ်သူဘယ်သူများထင်နေတာလဲ။

ထိုအချိန်တွင် 'ဘိုဝမ်' မှာပြိုလဲလုဆဲဆဲဖြစ်နေသည်။သူ့တွင်ဤသား 'လစ်တဲဘိုဝမ်' တစ်ဦးတည်းသာရှိသည်။ 'လစ်တဲဘိုဝမ်' ကစိတ်ပျက်စရာကောင်းပြီး သူ၏စီးပွားရေးစွမ်းရည်များကို မဆက်ခံနိုင်ခဲ့ပေ။သူကပြသနာများစွာရှာခဲ့ပြီး 'ဘိုဝမ်' ကထိုပြသနာများကို အမြဲလိုက်လံဖြေရှင်းပေးရသည်။

သို့သော်လည်း 'လစ်တဲဘိုဝမ်' ကသူ့အားစိတ်ကျေနပ်အောင်မည်သို့လုပ်ရမည်မှန်းသိသည်။ သူကစားခဲ့ဖူးသောမိန်းမအားလုံးကို 'လစ်တဲ‌ဘိုဝမ်' ကယူဆောင်လာပေးခဲ့ခြင်းဖြစ်သည်။

'ဘိုဝမ်' ၏သီးသန့်ဆရာဝန်က 'ဘိုဝမ်'ကိုစမ်းသပ်မှုများပြုလုပ်ခဲ့ပြီးနောက် 'ဘိုဝမ်' ၏ခန္ဓာကိုယ်မှာပျက်စီးနေခဲ့ပြီဖြစ်သဖြင့် ကလေးနောက်ထပ်မရနိုင်တော့ကြောင်းသိရှိခဲ့ရသည်။ သူက 'လစ်တဲဘိုဝမ်' အပေါ်မှာအရှုံးမပေးချင်ခဲ့ပေ။

'ဘိုဝမ်' တွေးတောနေစဉ်အသံကအခန်း၏အခြားတစ်ဖက်မှထပ်မံထွက်ပေါ်လာခဲ့သည်။

"အခုဂိမ်းစတင်ပြီ၊ မင်းမှာ၂၉မိနစ်ကျန်ရှိတယ်"

သေခြင်းတရားသူကြီးက စာကြောင်းရိုးရိုးလေးနှစ်ကြောင်းသာ ပြောလိုက်သော်လည်း 'ဘိုဝမ်' မှာစိုးရိမ်သောကရောက်ကာ ရူးမလိုပင်ဖြစ်နေသည်။

သူမသေချင်သေးပေ။

သူနောက်ဆုံးမှ ဤနေရာသို့ ရောက်ရှိခဲ့သည်။သူ့မှာလူလေးစားသော အဆင့်အတန်းတစ်ခုရှိနေပြီး မိန်းမများစွာလည်းရှိသည်။ သူကယောကျာ်းတိုင်းလိုချင်တပ်မက်သောဘ၀အား ပိုင်ဆိုင်ထားပြီဖြစ်သည်။

သူယခုမှအသက်ငါးဆယ်ပင်မပြည့်‌သေးဘဲ ထိုအရာအားလုံးကိုလည်း အပြည့်အ၀မခံစားရသေးပါ။သူကအဘယ့်ကြောင့် ယခုကဲ့သို့သေရမည်နည်း!!

'ဘိုဝမ်' ကအတွေးထဲတွင်နစ်မြုပ်နေသည်။ သူဓာတ်လှေကားစီသို့ပြေးသွားလိုက်သော်လည်း ပိတ်ထားသည်ကိုတွေ့ရသည်။သူဓာတ်လှေကားတံခါးကိုရူးသွပ်စွာထုသော်လည်း တုံ့ပြန်မှုမရှိချေ။

"Shit!!Shit!!!Shit!!!"

ဘိုဝမ်ကလှေကားသို့ပြေးရင်းကျိန်ဆဲနေသည်။ သူ့ခန္ဓာကိုယ်ထဲမှ တဖြည်းဖြည်းပြင်းထန်လာသောနာကျင်မှုကို သူခံစားနေရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရား‌စီရင်ရေးမှူးМесто, где живут истории. Откройте их для себя