အခန်း၁၀။ အထူးစစ်ဆင်ရေးတပ်ဖွဲ့ 'ဇီးရိုး'

208 13 0
                                    


'ဂျက်'က သူပါးစပ်ကိုဖွင့်ကာပြောလိုက်လျှင်ပြောလိုက်ချင်း ငါးမန်းများကသွေးညှီနံ့ရ၍ဝိုင်းအုံလာကြသကဲ့သို့ သတင်းထောက်များက သူ့ပတ်ပတ်လည်ဝိုင်းအုံလာကြသည်။

'ဂျက်' ကချက်ချင်းပင် လူအုပ်ကြားမှဆုတ်ခွာသွားသည်။ သူကထိုစကားလုံးများကို တိုးညှင်းသောအသံဖြင့်ပြောလိုက်သူ ဖြစ်နေသည်။

မီဒီယာများ၏အင်အားကကြောက်မက်ဖွယ်ရာပင်။
'ဂျက်'၏ယခင်ကမ္ဘာမှာကဲ့သို့ပင် ဤနေရာတွင်လည်း မီဒီယာများက တရားဥပဒေတည်မြဲ‌ရေး၏  ရှေ့ဆောင်လမ်းပြများဖြစ်ကြသည်။ များစွာသောအမှုတို့က မီဒီယာများမှဖော်ပြပြီးမှသာလျှင် စုံစမ်းစစ်ဆေးခံရပြီးမျှတသောပြစ်ဒဏ်များကိုချမှတ်နိုင်ခဲ့သည်။

ယခုဤအပြိုင်ကမ္ဘာတွင် လွတ်လပ်မှုစည်းမျဉ်းများက ပို၍မြင့်မားသောကြောင့် မီဒီယာများကပို၍ပင် အထိန်းအချုပ်မဲ့ကြသည်။

မကြာမီပင် 'ဘိုဝမ်'၏ တိုက်ရိုက်ထုတ်လွှင့်သေဆုံးမှုအကြောင်း သတင်းများထွက်လာပြန်သည်။
_
"အထူးသတင်း :ရဲများက သေခြင်းတရားစီရင်ရေး
                         မှူး၏အရူးလုပ်ခြင်းကိုခံခဲ့ရခြင်း"

"သေခြင်းတရားစီရင်ရေးမှူးက အားလုံးကိုသူ၏ထောင်ခြောက်ထဲသို့ ကျဆင်းစေခြင်း၊ အဓိကတံခါးကလုံးဝသော့မခတ်ထားခဲ့"

"ရဲများကိုအရူးလုပ်ခြင်း၊ သေခြင်းတရားစီရင်ရေးမှူးကအဓိကတံခါးကိုလုံးဝသော့မခတ်ခဲ့ဘူး"

"ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များအဆိုအရ ကြွက်သားအရည်ပျော်ရန်အချိန်အတိအကျကိုခန့်မှန်းရန်မှာ လုံးဝမဖြစ်နိုင်၊ ရေတွက်မှုကစိတ်ပိုင်းဆိုင်ရာအရ အာရုံလွှဲခြင်းသာဖြစ်"

"သေခြင်းတရားစီရင်ရေးမှူးမှာ အားလုံးကိုအရူးလုပ်ခဲ့တဲ့နည်းစနစ်တစ်ခုရှိ"
_
သတင်းအချို့မှာ သူတို့၏ယူဆက်ချက်ကိုသက်သေပြနိုင်ရန် အတိအကျမရှိသော မဆီမဆိုင်တည်းဖြတ်သူများမှရေးသားခဲ့သော်လည်း သတင်းမှာ ရုတ်ရုတ်သဲသဲ ကြီးကြီးမားမားဖြစ်သွားခဲ့ပြီး ရဲများအပေါ်  ဖိအားများစွာသက်ရောက်စေခဲ့သည်။
သတင်းတင်ဆက်သူ အုပ်လိုက်ကြီးဟာ မြို့ထဲသို့ရောက်လာကြပြီး နယူးယောက်မြို့ရဲစခန်းမှာ ဘားတစ်ခုကဲ့သို့ ပရမ်းပတာ ဖြစ်နေလျက်ရှိသည်။

တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရား‌စီရင်ရေးမှူးWhere stories live. Discover now