အခန်း၅။ သော့ရဖို့ မင်းရဲ့သားကိုသတ်

239 15 0
                                    

"သူ့ကို ရှေ့ဆက်မသွားစေနဲ့"

"သူလှေကားပေါ်တောင်ရောက်နေပြီ"

"သူတကယ်ကြီး သူ့သားဗိုက်ကိုဓားနဲ့ခွဲတော့မှာလား။ ငါကြည့်ဖို့တောင် နည်းနည်းကြောက်လာပြီ။"

"ဘာကြောက်စရာရှိလို့လဲ။ အဲ့လိုလုပ်တာကိုမြင်ရဖို့ကဒီတိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရတဲ့အဓိကအကြောင်းအရင်းမဟုတ်ဘူးလား။ ဒီလိုစိတ်လှုပ်ရှားဖို့ကောင်းတာကို ကြည့်ဖို့မဟုတ်ဘူးလား။ ဒါ့အပြင် အဖေရော သားရော နှစ်ယောက်လုံးကတိရစ္ဆာန်ကောင်တွေဘဲ။ သူတို့မသေခင်ပိုပြီးစိတ်သောကရောက်ရလေလေ ပိုကောင်းလေလေဘဲ!"

ဖန်သားပြင်ပေါ်တွင် ကြည့်ရှုသူများ၏ မှတ်ချက်များဖြင့်ပြည့်နေစဉ် 'ဘိုဝမ်' မှာသူ၏သား 'လစ်တဲဘိုဝမ်' ရှိရာအခန်းသို့ပင် ရောက်ရှိသွားခဲ့သည်။

သူသည်အဝေးမှပင် ဓားထည့်ထားသည့်သံသေတ္တာလေးကိုမြင်လိုက်ရသည်။

'ဘိုဝမ်'က ချက်ချင်း သံသေတ္တာကိုဆုပ်ကိုင်ကာ သူ၏ညာဘက်လက်ကိုထည့်လိုက်သည်။

"သူလုံးဝတုံ့ဆိုင်းမနေဘူးဘဲ၊ ကြည့်ရတာ‌တော့ သူကသူ့သားကို လူတစ်ယောက်အနေနဲ့တောင် မသတ်မှတ်တော့ဘူးဘဲ။"

"သေချာတာပေါ့၊ သူရော သူ့သားရောက လူမှမဟုတ်ကြတာ"

"ငါတစ်ခါမှ အချိန်ဒီလောက် ကုန်ဖို့နှေးတယ်လို့မခံစားဖူးဘူး"

'ဘိုဝမ်'က သံသေတ္တာထဲသို့သူ၏ညာဘက်လက်ထည့်ကာ သေတ္တာထဲသို့စမ်းတဝါးဝါးဖြင့် လိုက်စမ်းနေသည်။ မကြာမီ သူဓား၏လက်ကိုင်အားခံစားမိကာတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူကဓားကိုဆွဲယူရန်လုပ်လိုက်သော်လည်း သူ၏ လက်ကောက်ဝတ်အား တစ်စုံတစ်ခုရှိနေကာ သူ့လက်အား ဆွဲမထုတ်နိုင်ရန် ပြုလုပ်ထားသည်ကို တွေ့လိုက်ရသည်။

'ဘိုဝမ်'က သေတ္တာအပေါက်နားတွင် ဘလိတ်ဓား လေးချောင်းရှိနေသည်ကိုတွေ့လိုက်ရသည်။ ဘလိတ်ဓား၏ ထက်သောဘက်က အတွင်းဘက်၌ရှိနေသည်။

ဘလိတ်ဓား၏ထက်‌သောဘက်များက အတွင်းဘက်၌ ရှိနေသောကြောင့် သေတ္တာထဲသို့ လက်နှိုက်ရန်မှာ လွယ်ကူသော်လည်း သေတ္တာထဲမှ သူ့လက်အား ပြန်ထုတ်ချိန်တွင်တော့ ဘလိတ်ဓားလေးခုက သူ့လက်ကောက်ဝတ်အား ရှ နေသည်ကို ခံစားလိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု: သေခြင်း၏တရား‌စီရင်ရေးမှူးWhere stories live. Discover now