အပိုင်း ၁ နတ်ဆိုးနှင့် တွေ့ဆုံခြင်း

450 38 0
                                    

" 2023 စာသင်နှစ်မှ ကျောင်းသား ကျောင်းသူများ ကြိုဆိုလိုက်ပါတယ် ခင်ဗျ "

"ဟေးးးးးး" ဆိုတဲ့ အသံကျယ်ကြီးနဲ့အတူ ကျောင်းသားသစ်များရော ဆရာများပါ လက်ခုပ်တီးကြလျှက် ၀မ်းသာဂုဏ်ပြုနေကြသည်။

အထက်တန်းကျောင်းအောင်လို့ တက္ကသိုလ်ကျောင်းသားဘ၀မှာ လွတ်လပ်ပြီး ပျော်စရာကောင်းဖွယ်အတိ

‌တက္ကသိုလ် campus ထဲ အတွဲတွေ သူလိုလိုငါလိုလို လက်ချင်းချိတ်သွားနေကြတာတွေ အမှတ်တရ ဓာတ်ပုံရိုက်နေကြတာတွေ ကေပေါ့ပ်ကာဗာအဖွဲ့တွေ့က အကက‌နေကြတာတွေ ဒီ‌နေ့လေးကတော့ ကျောင်းရဲ့ အစည်ကားဆုံးနေ့တစ်နေ့ဖြစ်လာခဲ့သည်။ 

‌တက္ကသိုလ် campus ထဲ အတွဲတွေ သူလိုလိုငါလိုလို လက်ချင်းချိတ်သွားနေကြတာတွေ အမှတ်တရ ဓာတ်ပုံရိုက်နေကြတာတွေ ကေပေါ့ပ်ကာဗာအဖွဲ့တွေ့က အကက‌နေကြတာတွေ ဒီ‌နေ့လေးကတော့ ကျောင်းရဲ့ အစည်ကားဆုံးနေ့တစ်နေ့ဖြစ်လာခဲ့သည်။ 

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

" Physics မေဂျာက ဟိုအဖွဲ့က ဘယ်ရောက်သွားတာလဲ ဆရာတွေကို ဂါဝရပြုရမယ်လေ "

ပါမောက္ခတွေကို နူတ်ဆက်နေချိန် ထူးဆန်းစွာနဲ့ လူငယ် တစ်စုက ပျောက်ဆုံးနေကြတာဖြစ်သည်။ 

" ဆရာ သူတို့က ခုနကတော့ ရှိနေကြတယ် ဆရာတွေ လိုက်နူတ်ဆက်ကြမယ်ဆိုတော့ ပျောက်သွားကြတာ "

" အေးကွယ် ဒီမှာလည်း တို့ ဆရာတွေသိပ်မစုံသေးတော့ အဆင်ပြေပါတယ် ဒါပေမဲ့ ငါ့ကိုပြောစမ်း အခုပျောက်သွားတဲ့ အဖွဲ့က ဟို ကျောင်းမှာ နာမည်ဆိုး ကောင်လေး ဘယ်သူ..."

" ရှင်းဂျယ်ယွန်းပါခင်ဗျ "

" အေးး ဒီကောင်လေး ဟုတ်တယ် မေဂျာအတန်းစချိန် ငါ့ကို အတန်းထဲမှာ လှောင်နေတာ ငါစာသင်တာ မှားတယ်ဆိုပြီးလေ "

အားလုံးက ပြုံးစိစိနဲ့ ခေါင်းငြိမ့်နေကြပြီး ရှင်းဂျယ်ယွန်းအကြောင်းကို ထောက်ခံကြသည်။ မသိသူမရှိ တက္ကသိုလ်မှာ နာမည်ကြီး Physics major က ရှင်းဂျယ်ယွန်းက ညဏ်ကြီးရှင်ဖြစ်သလို ကျောင်းကို အမှတ်အများဆုံးနဲ့ ၀င်ခွင့်အောင်လာသူဖြစ်သည်။ 

Devil Number 4  ( နတ်ဆိုး နံပါတ် လေး )Where stories live. Discover now