အပိုင်း ၄ အချိန်ခရီးသွားခြင်း

147 26 0
                                    

" ရှင်းဂျယ်ယွန်း! အရူးစကားတွေပြောမနေဘဲ ငါ့အတန်းထဲကနေ အခုချက်ချင်းထွက်သွားစမ်း "

ကျောင်းမှာ ဒီအခြေအနေက သိပ်အထူးဆန်းမဟုတ်ချေ။

" ရှင်းဂျယ်ယွန်းနဲ့ ဆရာပတ်နဲ့ ဇာတ်လမ်းစလာပြန်ပြီလား "

" မသိပါဘူးကွာ အမြတမ်း ဆရာပတ်အတန်းချိန်ဆို ဂျယ်ယွန်းက အတန်းထဲစာသင်ရတာရှိလို့လား "

ကျောင်းသားတွေက ထိုကိစ္စကြောင့် ပွစိပွစိပြောလာကြသည်။

" ကဲ.. အပြင်ထွက်ချင်သူ ရှိသေးလား  တစ်ခါတည်း အဖော်လိုက်သွားလို့ရတယ် "

တစ်တန်းလုံးက တိတ်ဆိတ်ငြိမ်သက်လို့ ဆရာပတ်ရဲ့ အတန်းချိန်ဟာ စတင်ခဲ့ပါသည်။

" ဒါ ဘယ်လိုဖြစ်ရတာလဲ "

အတန်းထဲက ကျောင်းသားတွေအကြည့်က ဒီလောက်ဆို ရိုးနေပြီဆိုတဲ့အထာပုံစံတွေ ဖြစ်နေတော့ ဂျယ်ယွန်းက အတိတ်ကို ပြန်လည်ရောက်ရှိလာပေမဲ့လည်း ပြောင်းလဲသွားတဲ့ အတိတ်တစ်ခုဖြစ်ခဲ့သည်။

" ဒါဆို ငါ့အတိတ်ကရော ပြောင်းလဲမှာလား ? "

" ကဲ ဒါဆို မနေ့က သင်ခန်းစာလေး ဆက်ရအောင် "

" ဟုတ်ကဲ့ပါ ဆရာ "

အတန်းရှေ့ မတ်တပ်ရပ်ကာ အပြစ်ကိုခံယူနေရင်း ဆရာပတ်ရဲ့ စာသင်သံတွေကို သူလိုက်နားထောင်မိသည်။

" ဒီလိုရှေးကျတဲ့ အခေါ်အဝေါ်ကို ဘိုးဘေးတွေလက်ထပ်ကတည်းက ပြန်လည်အသုံးပြုလာတာ ဆရာတို့ကတော့ အခုခေတ်က‌လေးတွေကို နားလည်အောင် အမျိုးမျိူးရှင်းပြရတာပေါ့ ဒါကို ခေတ်စကားနဲ့ ပြန်ပြောရင် " ဒီ‌လောက်ကတော့ မိုင်နာပဲ အေးဆေးလေးပဲ ပါးပါးလေးပါ " မင်းတို့ငါ့သမိုင်းကို ကျက်ရင် အဲ့လိုပဲ ပြောနေကြမလား "

" ဟဟားးးးး "

ဆရာပတ်ရှင်းပြတာကို တစ်တန်းလုံးက သဘောကျပြီး ဟီးဟားရယ်‌ကုန်ကြသည်။

" သူက ဘယ်တုန်းက လူတွေကို ပျော်အောင် စာသင်တတ်သွားရတာလဲ ? ငါ့တုန်းက ကျတော့ အဲ့လိုသမိုင်းကို သင်ရင် အရှေ့မှာ တောင့်တောင့်ကြီး ထိုင်ပြီးပဲ နေနေတာ ချီးဘဲ "

Devil Number 4  ( နတ်ဆိုး နံပါတ် လေး )Where stories live. Discover now