အပိုင်း ၆ Couples

184 23 0
                                    

ညနေ လေးနာရီကျော်လောက်မှာတော့ သူတို့တွေ ရေမိုးချိုးပြင်ဆင်ပြီးလို့ ဂျောင်၀န်းလည်း လွယ်အိတ်ထဲ ပါလာသော skincare လေးတွေ လိမ်းက ခန္ဓာကိုယ်အနှံ့ကို Lotion လိမ်းအပြီး ကုတင်ပေါ်မှာ ဖြန့်တင်ထားတဲ့ cutie ဆန်တဲ့ pajamas ၀မ်းဆက်တစ်ထည်ကို ကောက်၀တ်လိုက်သည်။

ဒေါက် ဒေါက် ဒေါက်....

အသံလည်းမကြားလို့ အခန်းထဲဘယ်သူရှိနေတာလဲ....

အခန်းပြင်က ဂျေးက တံခါးခေါက်နေသော်လည်း အသံမကြားရတာကြောင့် တံခါးဖွင့်၀င်လာချိန်မှာ ကောင်လေးတစ်ယောက်က အ၀တ်လဲနေတာကို တွေ့လိုက်ရသည်။

" ‌ဪ.. ဆောရီး..."

" ရ..ရတယ် "

သူမြင်လိုက်ရတဲ့ ကောင်ငယ်လေးက သည်အခန်းရဲ့ နေ၀င်ချိန် ခပ်စူးစူး ထိုးနေတဲ့ နေအ‌ရောင်ကြောင့်လားမသိပါ။ တစ်ကိုယ်လုံးကို Slide မီးထိုးထားသလို လင်းလက်တောက်ပနေခဲ့ပြီး ထိုအလင်းတန်းထဲမှ လုံး၀န်းတဲ့ မျက်လုံးလေးတွေ နူတ်ခမ်းပါးလေးနဲ့ နှာထိပ်ဖျားလေးတွေဟာ နီရဲလို့ပင် သူ့ကို မြင်တဲ့အချိန်မှာ အံ့ဩပြီး လန့်သွားတဲ့ မျက်နှာလေးက

" ကြောင်ပေါက်လေးလိုပဲ "

" ဗျာ... အ၀တ်လဲနေတာ ဟို ဘာကိစ္စလဲဗျ "

ထိုကောင်လေးက သူအရမ်းကြည့်တာကို အရှက်သည်းပြီး စကားတောင် ကောင်းကောင်း မပြောထွက်လာတော့ပေ။ သူလည်း လာရင်းကိစ္စကို မေ့သွားတာကြောင့်

" ‌ပြီးရင် အောက်ဆင်းလာလေ ခြံ၀င်းထဲလိုက်ပြမလို့ "

" ဟုတ်ကဲ့...ပြီးပြီ "

" လာ.. ကိုယ့်လက်ကိုကိုင်ထား "

" ဗျာ.. ဘာလို့လဲဟင် "

ကြောင်ပေါက်က ထပ်ပြီး မျက်လုံး‌တွေ ဝိုင်းစက်ကာ မေးခွန်းထုတ်လာပြန်သည်။ ‌ဂျေးတစ်ယောက် သဘောတွေကျပြီး ဒီလူသားလေးကို ဘာမှဆက်မပြောဘဲ အရင်ဆုံး ထိုလက်ဖွေးဖွေးလေးကို ကိုင်လိုက်သည်။

" လှေကားကြည့်ဆင်းရမယ်လေ ပြုတ်ကျသွားမှာဆိုးလို့ပါ "

" ဪ အဲ့လိုလား "

အခုမှစ‌ တွေ့တာ တစ်မိနစ်မပြည့်သေး အကဲပိုကာ ကြောင်သူတော်လေးအနား သစ္စာရှိရှိနဲ့ ကာကွယ်မှုအပြည့်ပေးနေတဲ့ မြေခွေးကြီးတစ်ယောက်သဖွယ် အရှေ့ကနေ ဦးဆောင်လို့ ‌ခြံထဲကို ခေါ်သွားလိုက်သည်။

Devil Number 4  ( နတ်ဆိုး နံပါတ် လေး )Where stories live. Discover now