1

766 110 25
                                    

🪐



" ချိန်းထားတယ့် လူနာရောက်လာပါပြီ "

သူမအခန်းထဲသို့ ဝင်လာပြီး
အသိပေးသည့် Nurse ကို အပြင်မှ
လူနာကို သူမဆီ လွတ်လိုက်ဖို့အတွက်
Jennie ခေါင်းညိမ့်ပြလိုက်တယ်။ 

ဒီတစ်မနက်လုံး အခုချိန်းထားတယ့်
လူနာကြောင့် သူမ တခြားလူနာလက်ခံလို့
မရခဲ့ပေ ။ လူနာက အသိုင်းအဝိုင်းကြီးထဲက
ဖြစ်တာကြောင့် သူ့ရဲ့လုံခြုံရေးအတွက်
အရေးကြီးတာမို့ တခြားလူနာတွေပင်
လက်ခံခွင့်မရှိခဲ့ဘူးလေ ။

သူမအနေနဲ့ဆို အဲ့လိုလိုက်လျောမှာ
မဟုတ်ပေမယ့် ဆေးရုံအုပ်ရဲ့အမိန့်ဆိုတော့
ဘာများတက်နိုင်မှာလဲ ။

လူဂုဏ်ထန်တွေကို Jennie
သိပ်စိတ်ပျက်တာပဲ ။

ဒါပေမယ့် ဒီလိုလုံခြုံရေးကို
ဂရုစိုက်ရတယ့်လူနာက တစ်ယောက်တည်း
ရယ်တော့မဟုတ်ပါဘူး ။ တစ်ချို့
နမည်ကြီး မင်းသားမင်းသမီးတွေ ၊ အဆိုတော်
တွေလာတယ့်အခါလည်း
သူတို့ရဲ့ အချက်အလက်တွေနဲ့ လုံခြုံရေးကို
ဂရုစိုက်ရတယ်လေ ။

ဒါပေမယ့် သူတို့က အခုလာမယ့်
လူနာလို တခြားလူနာတွေ လက်ခံလို့
မရလောက်တယ့်အထိတော့ မဖြစ်ကြပါဘူး ။
သူတို့ဘာသာ လူရှင်းတယ့်အချိန်တွေမှ
လာကြတာလေ။ 

သူတို့က ဒီကိုလာကြတာ
လူသိခံလို့မဖြစ်ကြဘူး ။  ဘာလို့ဆို
သူမက မူးယစ်ဆေးဖြတ်လိုတယ့်
လူတွေကို ဆွေးနွေးတိုင်ပင် အကြံပေးပြီး
ကုသပေးရတယ့် ဆရာဝန်တစ်ယောက်။ 

ဒါကြောင့် သူမဆီလာတယ့်
လူနာတွေဟာလည်း သာမာန်လို
နေမကောင်း ဖျားနာတာတွေမျိုး
မဟုတ်ဘူး ။ ဆေးသုံးနေလို့ ဆေးစွဲနေလို့
ဆေးဖြတ်ဖို့အတွက် လာကြတယ့်
လူတွေချည်းပါပဲ။ 

တချို့က ကိုယ့်ကိုကိုယ်ပြောင်းလဲ
ချင်လို့ သူမဆီကိုယ်တိုင်လာပြီး
ဆွေးနွေးမှုခံယူ
ကြပေမယ့် တစ်ချို့ကတော့
မိသားစုကအတင်းအကြပ်‌ခေါ်လာလို့သာ
ရောက်လာခဲ့ကြတယ့် လူတွေလည်း
ရှိတယ် ။ အဲ့လိုလူအများစုကတော့
ဆယ်ကျော်သက်လေးတွေပေါ့။

တစ်ချို့တွေရဲ့အခြေအနေတွေကတော့
ဆိုးဆိုးဝါးဝါးပါ ။ အဲ့အခါကျရင်
သူတို့နဲ့ဆွေးနွေးမနေတော့ဘဲ မိသားစုနဲ့
ပဲပြောပြီး‌ ဆေးရုံပဲ တက်ခိုင်းရတယ်။ 
အခြေအနေဆိုးတယ့် လူနာတွေကို
ကုသနေတယ့်အချိန်အတွင်းတော့
တခြားလူနာတွေထက် ပိုပြီး
တင်းကြပ်ရတယ်။

KIM'S DOCTOR Where stories live. Discover now