5

350 68 2
                                    


Unicode

ဆယ်ကျော်သက်တစ်ယောက်
မဟုတ်ပေမယ့် သူမကိုယ်သူမ
ပျက်စီးလာတယ်လို့ ခံစားရတယ် ။
ဆေးရုံမှာ Kim Jisoo မရှိတယ့်
အချိန်ကတည်းက ဆေးရုံသွားဖို့
သူမရဲ့ခြေလှမ်းတွေက မတက်ကြွချင်
တော့ဘူးလေ ။

သူမဆီလာတယ့် လူနာတွေ
ပြောဆိုဆွေးနွေးဖို့အတွက် အခန်းထဲ
တံခါးဖွင့်ဝင်လာတိုင်းလည်း သူမကို
ရိသဲ့သဲ့တွေပြောတတ်တယ့်
Kim Jisoo များဖြစ်နေမလားလို့
တွေးနေမိတတ်သေးတာ ။
သူမဆီ ရောက်လာတယ့် လူနာအဖြစ်
တွေ့ချင်တာတော့ ဘယ်ဟုတ်ပါ့မလဲ ။

သူနေခဲ့တယ့် အခန်းရှေ့ရောက်တိုင်းလည်း
ခြောက်ကပ်ကပ်နဲ့ ခံစားရတယ် ။
Jennie တော့ တော်တော်လေး
ပျက်ဆီးနေပါပြီ ။

ဒီနေ့ရက်ဆို သူနဲ့မတွေ့ရတာ
တစ်ပတ်လောက်ရှိပြီထင်တယ် ။
ဖုန်းနံပတ်မတောင်းသွားတာမလို့
အဆက်အသွယ်လည်း မရှ်ိကြဘူး ။
သူ မရှိတော့လည်း နားအေးတာပေါ့ ။

ဆေးရုံကအပြန် ကုန်တိုက်တစ်ခု
ဝင်ရင်း စားစရာသောက်စရာ
တစ်ပတ်စာ ဝယ်လိုက်သည် ။ ဝိုင်လည်း
ကုန်နေတာမို့ ဝိုင်ရွေးနေရင်း
ဘေးနားကို ဖြတ်ခနဲကြည့်မိတော့
Kim Jisoo ကို တွေ့လိုက်ရသည် ။

Park Chaeyoung ဆိုသော မိန်းကလေးနဲ့
အတူတူပါ ။ လက်တစ်ဖက်က
အထုပ်တွေဆွဲရင်း တစ်ဖက်က
ဟိုမိန်းကလေးရဲ့ပုခုံးကို သိုင်းဖက်
ထားတယ့် Kim Jisoo ကို နည်းနည်းမှ
ကြည့်လို့မရ ။ ပုံစံကိုက မြောက်ကြွ
မြောက်ကြွနဲ့။ 

ပြီးတော့ အနောက်က ပါလာတယ့်
ဝတ်စုံပြည့်နဲ့ လူသုံးယောက်ကိုလည်း
တွေ့ရသည် ။ ရုတ်တရက် လမ်းလျှောက်
နေရာကနေ ရပ်သွားတာမို့ သူမမှာ
အကြည့်လွှဲလိုက်ရပြန်သည် ။

" ဘာလို့ ဆက်တိုက်လိုက်နေတာလဲ "

နေရာက မလှမ်းမကမ်းမလို့
သူတို့ရဲ့စကားပြောသံကို ကြားရသည် ။
ပြီးတော့ Kim Jisoo ရဲ့ စကားပြော
သံကလည်း နိမ့်မနေ ။

" သူဌေးက မျက်ခြေပျက်မခံနဲ့ဆိုလို့ပါ "

" အေး...လိုက်လိုက် ။ ရည်းစားနဲ့ပတ်သွား
တာတောင် ကောင်းကောင်းမသွားရဘူး ။
နော့် Baby "

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

KIM'S DOCTOR Where stories live. Discover now