ep(5)

2.8K 175 1
                                    

💚 || တော်ဝင်ပန်း || 💚





ep(5)



" ဒီထက် စောရောက်မယ်ထင်တာ Leo "

ဆေးလိပ်တစ်လိပ် ကမ်းပေးရင်း ခပ်ပြုံးပြုံးပြောလာတဲ့ ဦးလေးယန်ကြောင့်  Leo ထိုဆေးလိပ်ကို လှမ်းယူကာ လက်ကြားညှပ်ရင်း


" ကျုပ် ဟိုဘက်က ကိစ္စ မပြတ်သေးလို့ "

အပြုံးအရယ်မရှိတဲ့ နှုတ်ခမ်းတစ်စုံက ထိုစကားကို ဆိုပြီး လက်ကြားထဲညှပ်ထားတဲ့ ဆေးလိပ်ကို နှုတ်ခမ်းမှာ တေ့လိုက်တယ်ဆိုရင်ဘဲ Leo ဘေးလာရပ်နေတဲ့ တစ်ယောက်က ခပ်မြန်မြန် မီးညှိပေးသည် ။ Leo စကားကို ဦးလေးယန်က ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း စကားဆက်သည် ။


" ဒါဆို ဦးလေးယန် ဒီက ကိစ္စတွေ ပြောလို့ရပလား "


Leo က ဆေးအနည်းငယ်ပါတဲ့ ဆေးလိပ်ကို ခပ်ပြင်းပြင်းရှူရှိုက်ပြီး အငွေ့တွေကို အနီးနားတွင် ဖြန့်ကျတ်လိုက်သည် ။


"​ပြော "

Leo က ထိုတစ်ခွန်းသာပြောပြီး နောက်က လူတွေကို လက်ကာပြလိုက်လျှင် အားလုံး အလျိုလျိူထွက်သွားကြသည် ။ တိတ်ဆိတ်သွားတဲ့ အခန်းအတွင်း၌ Leo နဲ့ ဦးလေးယန် နှစ်ယောက်ထဲသာ ။ Leo က ဆိုဖာပေါ် ခေါင်းမှီချပြီး ဆေးလိပ်ကို ထပ်ဖွာသည် ။


" ဒီနှစ် စိုက်ခင်းမှာ အထွက်နှုန်းက အရင်နှစ်ကထက်ပိုများတယ် အဲ့ဒီအပေါ်မှာ အန္တာရာယ်ပိုများလာတယ် ၊ Leo အရင်တစ်ခေါက် ပြန်သွားပြီးကတည်းက 3 ခါလောက် တိုက်ခိုက်ခံရတယ် ဦးလေးယန် Leo ကို မပြောတော့တာက အရင်ကိစ္စတွေက ရှင်းရလွယ်လို့ ခုက "


ဦးလေးယန်က စကားကို ရပ်ပြီး Leo ကို အကဲခတ်သည် ။ Leo အမူရာက ဘာမှ မပြောင်လဲ ဆေးလိပ်ကို ဖွာရှိုက်မြဲသာ ။ ဦးလေးယန်က သက်ပျင်း ခပ်သဲ့သဲ့ ချရင်း စကားဆက်သည်


'' ReHan ဘက်က နိမိတ်ကျော်ပြီး တိုက်ခိုက်လာလို့ "

ဦးလေးယန်က သင့်သလောက်သာ ပြောပြီး Leo အဖြေကို စောင့်နေသည် ။ Leo က တစ်၀က်လောက်ကျန်တဲ့ ဆေးလိပ်ကို ရှေ့မှ ဆေးလိပ်ပြာခွက်ထဲ ထည့်လိုက်ပြီး အေးအေးလူလူ စကားစလာသည် ။

💚 || တော်ဝင်ပန်း || 💚 {𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭 }Where stories live. Discover now